ညရဲ့ အမှောင် မှာ
လရဲ့ အလင်းနဲ့  ဆွေးမြေ့ ခြင်းတွေ
ကျူးသီဖို့ 
ဂစ်တာကိုင်ဆွဲတော့ 
ကြိုးပြတ်သွားတဲ့  ငါ့  ဂစ်တာ
ငါ တို့ နက်ဖြန်တွေ
ကဗျာသီဖို့  စာရေးစားပွဲထိုင်တော့ 
ဖြတ် ခနဲ မီးပြတ်သွားခဲ့ 
မင်း နဲ့  အိမ်မက်တွေဆက်မက်ဖို့ 
အိပ်ရာထဲကြိတ်မှတ်ဝင်တော့ လဲ
ခြင်ကိုက်လွန်းတဲ့  ည ရယ်
.................
ငါတို့ ဟာ
ဒီလိုနဲ့  ..................
ဒီလိုနဲ့ 
ငါတို့ ဟာ .............
ကျောမခိုင်းခဲ့ ပေမဲ့ 
ပြန်လှည့် ခွင့် မရှိတဲ့ လမ်းမပေါ်
စီးဆင်း နေရဦးမှာလား .....
ဒီလိုနဲ့  ..........ပဲ
................
..................
ဒီလိုနဲ့  .............
No comments:
Post a Comment