Showing posts with label နိုင်ငံတော်သမ္မတအဖြစ်မှ အနားယူသင့်ပြီလို့ သမ္မတအစ်ကိုဦးထွန်းမြင့်ဆို. Show all posts
Showing posts with label နိုင်ငံတော်သမ္မတအဖြစ်မှ အနားယူသင့်ပြီလို့ သမ္မတအစ်ကိုဦးထွန်းမြင့်ဆို. Show all posts

Sunday, November 30, 2014

နိုင်ငံတော်သမ္မတအဖြစ်မှ အနားယူသင့်ပြီလို့ သမ္မတအစ်ကိုဦးထွန်းမြင့်ဆို



မျိုးမင်းထွန်း(မြစ်မခ)

ပုသိမ်၊ နိုဝင်ဘာ ၂၈- နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ယခုရာထူး တာဝန် သက်တမ်းကုန်ပါက ဆက် လက် တာဝန်မထမ်းဆောင်စေလို ကြောင်း သမ္မတ၏ တစ်ဦးတည်း သောအစ်ကိုဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။
နိုဝင်ဘာ ၂၅ ရက်က သမ္မတဦးသိန်းစိန်၏ ရာထူးသက် တမ်းအတွင်း ပထမဆုံးအကြိမ်အ ဖြစ် ဇာတိကျေးရွာဖြစ်သော ဧရာ ဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ကျုံကူးကျေးရွာရှိ မိသားစုလှူဒါန်း ထားသော သမုဒ္ဒရံသစေတီတော် ထီးတော်တင်လှူပွဲသို့ လာရောက် စဉ် အစ်ကိုဖြစ်သူဦးထွန်းမြင့်က မီဒီ ယာများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ခြင်းဖြစ်သည်။
''အဘ ဆန္ဒကတော့ သူ့ ကို ဆက်မလုပ်စေချင်တော့ဘူး။ သူ့ မှာက နှလုံးမှာ စက်ကလေး တပ် ထားရတော့ ဒီလောက်လုပ်ပြီးပြီဆို တော့ အနားယူသင့်ပြီလို့ထင်တယ်။ သူကတော့ ဆက်လုပ်မယ်၊ မလုပ် ဘူးဆိုတာ အဘကို ဘာမှ မပြော သေးဘူး''ဟု အစ်ကိုဖြစ်သူ အသက် ၇၆ နှစ်အရွယ်ရှိ ဦးထွန်းမြင့်က ပြောသည်။
သမ္မတဦးသိန်းစိန်ကို ၁၉၄၅ ခုနှစ်က ငပုတောမြို့နယ် ကျုံ ကူးကျေးရွာတွင် မွေးဖွားကြီးပြင်းခဲ့ ပြီး ထိုကျေးရွာ မူလတန်းကျောင်း မှပင် လေးတန်းအထိ အောင်မြင် ခဲ့ပြီးနောက် အသက် ၁၁ နှစ်အရွယ် မှ စတင်၍ ငပုတောမြို့နယ်၊ ပြင် ခရိုင်နှင့် ပုသိမ်မြို့တို့တွင် အလယ် တန်းနှင့် အထက်တန်းပညာများ ကို သင်ကြားခဲ့သည်။
ထို့နောက် ပုသိမ်မြို့ အ မှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်း တက်ရောက်နေစဉ် စစ်တက္ကသိုလ် အပတ်စဉ်(၉)သို့ တက်ရောက်ကာ တပ်မတော်တွင် ရာထူးတာဝန်အ မျိုးမျိုး ထမ်းဆောင်ပြီးနောက် ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက် ပွဲအပြီး ပေါ်ပေါက်ခဲ့သော အစိုးရ သစ်တွင် သမ္မတရာထူးတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
''ဦးသိန်းစိန်ကို ၂ဝ၁၅ အပြီး သမ္မတအဖြစ် ဆက်လက်တာ ဝန်ထမ်းဆောင်တာ မြင်တွေ့ချင် တဲ့ ဆန္ဒကတော့ ကျွန်တော်တစ် ယောက်တည်း မဟုတ်ဘူး။ ဒီရွာ သားတွေ၊ ဒီနယ်သားတွေ မေးရင် လဲ ဒီအတိုင်းပဲ ဖြေမှာပါ''ဟု ကျုံ ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုး ဇော်အောင်က ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်း စိန်တွင် မွေးချင်းသုံးဦး ရှိသည့်အ နက် အကြီးဆုံးအစ်မဖြစ်သူမှာ အ သက် ၆၇ နှစ်အရွယ်တွင် ကွယ် လွန်သွားကြောင်း သိရသည်။