Wednesday, December 9, 2015

{ဂုံရှမ်းရိုးရာ ဝတ်းစားဆင်ယင်မူအကြောင်း}






  1. Tai Khun တိုင်းခိင်ခေါ် ဂုံရှမ်းလူမျိုးတို့သည် 13 ရာစု နှစ်မှစတင်၍ 'မဲနမ့်ဆာလဝန်း'ခေါ် သံလွင်မြစ်နှင့် 'မဲနမ့်ခေါင်'ခေါ် မဲခေါင်မြစ်ဝှမ်းအကြားတွင် ကျိုင်းတုံကို ဗဟိုပြု၍နေထိုင်ခဲ့ကြသည်။၎င်းတို့နေထိုင်ရာကျိုင်းတုံမြို့ရှိ နမ့်ခိင်ချောင်းခေါ် အထက်သို့စီးဆင်းသည့်ချောင်းကို အစွဲးပြုပြီး တိုင်းခိင် Tai Khunဟုခေါ်တွင်ကြသည်။Tai ခေါ်ရှမ်းလူမျိုးနွယ်စုအသီးသီးတို့သည် မိမိတို့နေရာဒေသ နေထိုင်ရာအရပ် နှင့်ရာသီဥတုသဘာဝပတ်ဝန်းကျင်ပေါ်မူတည်ပြီး ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့ပုံများလည်းမတူညီကြပေ သို့သော်မည်သို့ပင်ကွဲးလွဲးခေါ်တွင်ကြစေကာမူ အားလုံးမှ Tai ရှမ်းမျိုးနွယ်တစ်ခုတည်းသာဖြစ်ပေသည်။ဥပမာ -သစ်ပင်ကဲ့သို့ ပင်စည်အမြစ်တစ်ခုတည်းမှထွက်ပေါ်လာသေားအကိုင်းအခက်အလက် အနုအရင့် အကောက်အဖြောင့်ပုံသဏ္ဌန်ကွဲးလွဲးသွားသော်လည်း ပင်စည်တစ်ခုတည်းသာဖြစ်ကြောင်းနားလည်သဘောပေါက်စေလိုပါသည်။
  2. Tai Khun ခေါ်ဂုံရှမ်း လူမျိုးတို့၏ရိုးရာယဉ်ကျေးမူ ဝတ်စားဆင်ယင်ထုံးဖွဲ့ပုံမှာလည်းအခြားရှမ်းတိုင်းရင်းသားများနှင့်မတူ တစ်မူထူခြားပေသည်။ ဂုံရှမ်းရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မူမှာ ကျိုင်းတုံနန်းတွင်းတော်ဝင်နန်းတွင်းရိုးရာအဝတ်စားမှဆင်းသက်လာခြင်းဖြစ်သည်။ဂုံရှမ်းအမျိုးသားများ၏ဝတ်စားဆင်ယင်ပုံမှာ အခြားရှမ်းတိုင်းရင်းသားများနဲ့တူညီသော်လည်း အမျိုးသမီးဝတ်စားဆင်ယင်ပုံမှာ ညီနှောင်ဖွါးအခြားရှမ်းတိုင်းရင်းသားများနှင့်မတူဘဲးတစ်မူထူးခြားလှပေသည်။ဤကဲ့သို့သောဝတ်စားဆင်ယင်မူမျိုးကို မည်သည့်ခေတ်မည်သည့်မင်းလက်ထက်တွင်မည်သည့်Princess ပြုလုပ်ဝတ်ဆင်လာသည်ကိုမသိရှိရပေ။အကြောင်းမှာ ကျိုင်းတုံသည် နှစ်ပေါင်း၇၈၀ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ဂုံရှမ်းအမျိုးသမီးများသည် ဂုံရင်ဖုံးအကျီင်္ခေါင်းလောင်းကြိုးစည်းကာဝတ်ဆင်ကြသည်။ဆောင်းတွင်ပချိန်အခါတွင် ''ဆေနူ့''ခေါ်သည့် ဝါဂွမ်းများကိုထည့်သွင်းကာ မှန်စီကွက်ပုံချုပ်ထားသည့် ဂွမ်းအကျီင်္ကိုဝတ်ဆင်ကြပါသည်။အကျီင်္လက်ရှည်ဝတ်ဆင်ပြီး ဦးခေါင်းပေါ်တွင် ကောဝ်ဟိုခေါ်သည့် ဆံထုံးထုံးကာ ထီးပုံကဲ့သို့သောရိုးရာဆံထိုးကိုပန်ဆင်ကြသည်။ထို့အပြင်ရတနာဆယ်သွယ်ဆံထိုးကိုလည်းပန်ဆင်ကြသည်။ဂုံရှမ်းလို ''ပင်ပေါဂ်ဖုမ်''ဟုခေါ်သည်။ယနေ့ခေတ်အချိန်ခါတွင် ထီးပုံစံရိုးရာဆံထိုးများပျောက်ကွယ်သွားပြီဖြစ်သည်။
  3. ရှမ်းပြည်နယ်အရှေ့ပိုင်းသည် အေးချမ်းသောရာသီဥတုရှိသေားကြောင့် အချိန်အခါပေါ်မူတည်ပြီးခေါင်းပေါင်းများပေါင်းလေ့ရှိကြသည်။ဂုံရှမ်းအမျိုးသမီးခေါင်းပေါင်းဟာလည်း အခြားရှမ်းတိုင်းရင်းသားခေါင်းပေါင်းများကဲ့သို့မဟုတ်ဘဲး အလျား၁၀တောင် အနံ၁ထောင့် ၁ထွာရှိသည့်ပိုး ဖဲး သိ့မဟုတ် 'မိုင်ဖိုင်'ခေါ်ဝါခြည်ဖြင့်ယက်ထားသည့် ပိတ်ဖြင့် အရစ်လိုက်အထက်သို့ရစ်ပတ်ကာ ခေါင်းပေါင်းပေါင်းလေ့ရှိကြပေသည်။
  4. *{ကြာမှောက်ကြာလှန်လုံခြည်အစ ကျိုင်းတုံနန်းတွင်းက}*
  5. -ဂုံရှမ်းအမျိုးသမီးများဝတ်ဆင်သည့်လံခြည်သည် ကျိုင်းတုံနန်းတွင်းတော်ဝင်ရိုးရာမှဆင်းသက်လာခြင်းဖြစ်သည်။''ဆင့်မိုင်ခမ်း ခ ဆင့်ဗိုခေါမ်ဗိုငိုင်''ခေါ်သည့်လုံခြည်ကိုဝတ်ဆင်ကြသည့်အပြင် ''ဆင့်လိုင်းခမ်းပင်း''ခေါ်သည့်ရွှေခြည်ပြည့်လုံခြည်ကိုလည်းဝတ်ဆင်ကြသည်။သာမန်အရပ်သားတေားသူရွာသားများသည် ''ဆင့်တာ''ခေါ်သည့် ယန်းလောလုံခြည်အဆင်မျိုးကိုဝတ်ဆင်ကြပြီး အစင်းကြောင်းခြည်ရောင်စုံဖြင့် အောက်ခြေ အစိမ်းဆပ်ကာဝတ်ဆင်ကြသည်။''ဆင့်မိုင်ခမ်း ခ ဆင့်ဗိုခေါမ်ဗိုငိုင်''ကိုတော့ တစ်ချိန်ကကျိုင်းတုံတော်ဝင်Royal တော်ဝင်အနွယ်တော် Princess များ ဝတ်ဆင်ခဲ့ကြသည်။လုံခြည်အထက်ပိုင်းကို ရွှေခြည်များနန်းမျှင်စွဲးကာ ပိုခြည်ဖြင့်ရေားယက်လုပ်ကြသည်။၎င်းအစင်းကြောင်းသည် ၂၄လက်မသို့မဟုတ် ၂၆လက်မအရှည်ရှိပြီး အစင်းကြောင်းအောက်ခြေဒူးအောက်နေရာတွင် အနီရောင်ပိုးဖဲးစ ၅လက်မခွဲးပေါ်တွင်ရွှေခြည်ပိုးခြည်များ ဖြင့်အနုစိတ်လှပစွာဖြင့် လက်ထိုးစစ်စစ်ဖြင့်ထိုးယူရသည့် ကြာမှောက်ကြာလှန်ကနုတ်ပန်း ထိုးချုပ်ရပေသည်။ကြာပန်းမှာ ဗိုခေါမ် ကြာမှောက်၆ပွင့် ဗိုခေါမ် ကြာလှန်၆ပွင့် စုစုပေါင်း ၁၂ပွင့်ကြာနွယ်ကနုတ်ပန်းထိုး၍ပြုလုပ်ထားသည်။
  6. ၎င်းကြာမှောက်ကြာလှန်ရွှေခြည်ထိုးနည်းသည် မန္တလေးအမရပူရရွှေခြည်ထိုးနည်းနှင့်မတူဘဲး မြန်မာနိင်ငံရွှေခြည်ထိုးလက်ရာများထဲးမှ အနုစိပ်လက်ရာမြောက်သည့်ရွှေခြည်ထိုးလက်ရာတစ်ခုဖြစ်သည်။ထိုကြာမှောက်ကြာလှန်အောက်ခြေတွင် ၁၀လက်မခန့်အရှည်ရှိသည့် ပိုးဖဲး အစိမ်း(အနုသို့မဟုတ်အရင့်)ကိုအသုံးပြုကာအောက်ခြေအနားတွင် အနီ အနက် သို့ ခရမ်းဖြစ့်အနားသက်ကာ ဝတ်ဆင်ကြပေသည်။ဗိုခေါမ်ဗိုငိုင်ခေါ်ကြာမှောက်ကြာလှန်ကနုတ်ပန်းကိုလေ့လာခြင်းအားဖြင့် မိမိတို့၏လက်မူပညာအဆင့်အတန်းမြင့်မားကြောင်းကို လေ့လာမြင်တွေ့ရပေသည်။
  7. (ဆင့်လိုင်းခမ်းပင်းလုံခြည်)သည်အထက်ပိုင်းမှဒူးအထိအရည်ကို ရွှေခြည်များဖြင့်ယက်လုပ်ပြီးအောက်ခြေရွှေရောင်ပိုးဖဲးပိတ်ပြောင်ပေါ်တွင် ရွှေ့်များဖြင့်သွန်းလုပ်ထားသည့် ရွှေပွင့်များကိုပန်းဆွဲးများသီကာချုပ်လုပ်ဝတ်ဆင်ခဲ့ကြသည်။၎င်းရွှေပွင့်များကို ကျိုင်းတုံနန်းတွင်းဟော်လုံထိန်သီခေါ် နန်းတွင်းပန်တိမ်တွင်သွန်းလုပ်ခဲ့ကြသည်။ကျိုင်းတုံစော်ဘွားကြီး၏သမီးတော် စောဝ်နန်းဗိုဆဝမ်ကိုယ်တိုင်ယက်လုပ်ခဲ့သည် ဆင့်လိုင်းခမ်းပင်းလုံခြည်သည် ရွှေ၁၀ကျပ်သားပါဝင်ထည့်သီသည့် လိုင်းခမ်းပင်းလုံခြည်ဖြစ်သည်။
  8. ကျိုင်းတုံစော်ဘွားခေတ်ပျက်သုန်းပြီးနှောက်၎င်းရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မူများမပျောက်ပျက်မပျောက်ကွယ်သွားစေရန် ကျိုင်းတုံစော်ဘွားကြီးစောဝ်ဖှကျိုင်းလုံခေမာဓိပတိမန်ရိုင်း မှဂုံရှမ်းရိုးရာအဝတ်အစားအဖြစ်ပုံစံယူရာပြုလုပ်ဝတ်ဆင်ခဲ့စေရာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ဂုံရှမ်းရိုးရာလုံခြည်ရဲ့အသက်သည် ဗိုခေါမ်ဗိုငိုင်ခေါ်သည်ကြာမှောက်ကြာလှန်ကနုတ်ပန်းဖြစ်ပြီး ယနေ့ခေတ်တွင်ရိုးရာယဉ်ကျေးမူအစစ်ကိုမသိနားမလည်ဘဲး ကြာမှောက်ကြာလှန်ကနုတ်ပန်းပျောက်ကာထည့်ခြင်ရာပန်းများထည့်သွင်းချုပ်လုပ်လာကြသည်ကို ဝမ်းနည်းစွာတွေ့မြင်လာရပေသည်။ခေတ်နှင့်အညီချုပ်လုပ်ဝတ်ဆင်ကြသည်ဟုဆိုသော်လည်း မိမိတို့၏ရိုးရာယဉ်ကျေးမူအနုလက်ရာများ ပျက်စီးပျောက်ကွယ်သွားပေလိမ့်မည်။မသိနားမလည်ဘဲးရန်းသန်းပြုလုပ်နေခြင်းသည် ရိုးရာယဉ်ကျေးမူအမွေနစ်များကိုဖျက်စီးရာကြပေသည်။ထို့ကြောင့်ဂုံရှမ်းသာမက Tai မျိုးနွယ်ဖွါးရှမ်းတိုင်းရင်းသားအားလုံး မိမိတို့၏ရိုးရာယဉ်ကျေးမူဓလေ့ထုံးစံများကိုမပျောက်ကွယ်သွားစေရန်ထိန်းသိမ်းစောင့်ရှောက်ကြရမည်မှာ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်းအများသိရှိလေ့လာနိုင်စေရန်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး ယဉ်ကျေးမူအမွေနှစ်များမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အကျဉ်းချုပ်မျှရေးသားဖေါ်ပြလိုက်ရပေသည်။
  9. {Kyaw Ye Myint Aung }ဂုံရှမ်းတော်ဝင်ရိုးရာကြာမှောက်ကြာလှန် ကနုတ်ပန်း လက်ဆင့်ကမ်းထိန်းသိမ်းလုပ်ကိုင်သူ



ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ


No comments:

Post a Comment