Thursday, December 10, 2015

ရိုးရာမဟာသက်ြန်စည်တော်တင်ပွဲ

ရိုးရာမဟာသက်ြန်စည်တော်တင်ပွဲ ကျိုင်းတို့မြို့







လွန်ခဲ့သော၆၀၄နှစ်တုန်းကကျိုင်းတုံဒေသ
မှာမီးဘေးအန္တရယ်ကျရောက်ခဲ့ပါတယ်။ဗေဒင်ယတြာအစီအရင်အရ နမ်ခင်နွဲ့ရေချောင်းကမ်းစပ်က လခြမ်းကိုကိုက်ထားတဲ့ဖားရုပ်တုဆီ စည်တော်ပို့ဆောင်ပွဲကျင်းပခြင်းဖြင့်
ပြည်သူတွေငြိမ်းချမ်းဘေးကင်းကာ
အရာရာပြည့်စုံမယ်ဆိုပြီးယနေ့တိုင်ကျင်းပနေတာဖြစ်ပါတယ်။
တိုင်းပြေအန္တရယ်အပေါင်းကလွတ်ကင်းအောင်အိမ်မက်ပေးတောင်းဆိုတဲ့
ဖားဘဝရောက်မင်းသမီးရဲ့ထိမ်းမြားလက်ဆက်ပွဲလို့လည်းအချို့မှတ်တမ်းကဆိုပါတယ်။
သင်္ကြန်အကြိုနေ့မှာစည်တော်ကိုစင်တင်ပွဲကျင်းပပြီး
စည်ကို၂၄နာရီမရပ်မနားတီးခတ်ပါတယ်။
ပြည်သူများကတစ်ညလုံးစည်ကိုသက်ြန်ရေဖျန်း
ပက်ဆုတောင်းကြပါတယ်။
သင်္ကြန်အကျနေ့မှာတော့တစ်မြို့နယ်လုံးကပြည်သူတွေသီဆိုကခုန်ပြီးစည်ပို့ပါတယ်။လမ်းဝဲယာမှလူထုကရေလောင်းကြပါတယ်။
စည်တော်နဲ့အတူသိကြားမင်းဂဠုန်စီးရုပ်တု
နဲ့တာဝန်ကျ မြင်းစီးသူကြီးတို့လည်းပါဝင်ပါ
တယ်။ရှမ်းပြည်နယ်မှာကျိုင်းတုံဒေသမှာပဲရှိတဲ့
ရိုးရာပါ။ဘယ်တော့မှမရိုးတဲ့ရိုးရာပွဲတစ်ခုဖြစ်ပါတယ်။
Photo ,Ref- Sai Zaw Min
Thank You
-Shan Fashion-


ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ


No comments:

Post a Comment