အသက်ကိုဝအောင်ရှုပြီး
ည အမှောင်
ကောင်းကင်ရဲ့  အမြင့် ဆုံးအရာကို လက်ညိုးညွှန်လိုက်
အဲဒါ ငါချစ်တဲ့  လမင်း
လမင်း ရေ
ငါက အေးမြတဲ့ အလင်းရောင်ကို ငတ်မွတ်နေခဲ့ တာပေါ့ 
ဖုန်တထောင်းထောင်းထနေတဲ့  မြေဆိုးမှာလဲ
အနာဂါတ်ကို ယုံကြည်စွာ ကြဲဖြန့် ဘူးရဲ့ 
ပြန်မရနိုင်တဲ့  နောင်တတွေလဲ
သိုလှောင်ရုံမှာ ပြည့် သိပ်လို့ 
ငါ့ ရဲ့  ယုံကြည်ရာတွေထွန်းလင်းဖို့ 
မင်း အလင်းရောင်လိုတယ်
ငါ
မောပန်းလွန်းခဲ့ ပြီ
ရွှံဗွက်ထူထူလမ်း ဖုန်ဆိုးမြေ
ကျိန်စာသင့်  ဂန္တ၀င်လမ်း ရုပ်သေးကြိုးပြတ်ပြဇာတ်
တံလျှပ်တွေရဲ့ စေစားရာ
ငါလက်ပန်းကျနေပြီ
အရိပ်ဆိုး အမှောင်ညတွေ မင်းရှိမှဖြစ်မှာပေါ့ 
အသက်တွေ ဘယ်လောက်ကြီးကြီး ဆိုတဲ့ စိတ်နဲ့ 
အိမ်မက်တွေ ယုံကြည်စွာတူးဆွဖို့ 
မင်း အလင်းနဲ့  လမ်းပြပါ
လမင်းရေ
ညဉ့် နက် ဘ၀မှောင်ချိန်တောင်
မင်းအနမ်းနဲ့  နေ၀င်ချင်သေးရဲ့ 
ပူပင်ရလွန်းတဲ့  သံသရာမှာ
ခဏတော့  ငြိမ်းချမ်းချင်ရဲ့ 
ငါ
လမင်း ကို ချစ်မိတာ မှားလား
No comments:
Post a Comment