Monday, April 28, 2014

အလွမ်းညရှည်ပိတောက်နွေ



သင်္ကြန်တဲ့ 

မင်းထားခဲ့ တာ  ရက် လ နှစ်


အားလုံးဟာ


ဒီ ဧပရယ်ရဲ့ စီရင်ထုံးတဲ့ လား


အပူဆုံးနွေရဲ့  ပိတောက်ရာသီမှာ


အမက်မောဆုံးပန်းတစ်ပွင့်  ဖူးသစ်ဖူးရဲ့  ။


ခိုးခိုးရှိုက်မိတဲ့  အပင့် အသက်မှာ


အိမ်မက်တွေထဲတောင်


မြေကမ္ဘာတုန်ဟီးနေတုန်း ။


ချစ်ခြင်းမေတ္တာ စကားတစ်ခွန်းရဲ့  ဂယက်မှာ


အကြားအလပ်မရှိ သာယာလွန်းလေစွ ။


သူသူငါငါခလုပ်တိုက်မိခြင်းမှာ


ပိတောက်တစ်ခက် ညိုးရောသွားတယ်


မှားသလိုနဲ့ မှန်နေခဲ့ တဲ့ 


သံသယလွန်အဖြေကိုရှင်းပြမဲ့  ပိတောက်ညနေခင်းပေါ့ 


မထင်မှတ်ပဲ


နေရာကွက်ကြားမိုးသည်းထန်လို့ အချိန်အကန့် အသတ်မရှိ


အဆက်အသွယ်ပြတ်ခဲ့ ရဖူးတယ်  ။


ရင့် ရော်နေတဲ့ ပြက္ခဒိန်အဆွေးအမြေ့ ကို


ခပ်ဖွဖွလှန်ကြည့် တော့ 


ခြောက်ကမ်းပါထက်မှာရပ်နေခဲ့ ရဖူးတဲ့ 


သင်္ကြန်ကိုတွေ့ ရတယ် ။


ချစ်လွန်းလို့ မေ့ထားခဲ့ တဲ့ သင်္ကြန်ဟာ


ဒီအချိန်ရောက်တိုင်း


ဘယ်လို ပိတောက် နဲ့ မှ


အစားမထိုးတော့ ဘူး  ။

No comments:

Post a Comment