ဘယ်လိုကြိုးနဲ့ ချည်ထားခဲ့ မှန်း မသိရတော့ 
ဒီနားပဲ တ၀ဲလည်လည်
ဘာဆေးမှ မကျွေးခဲ့ ရပဲနဲ့ 
မင်း မျက်နှာလေး မြင်နေရရင် သက်သာနေတယ်
ချစ်နေခဲ့ ရတာ ဘယ်လောက်ကြာပြီဆိုတာ
ပြောမပြချင်ပေမဲ့ 
ဒီရင်ထဲမှာတော့ 
ဘုရားအဆူဆူ ပွင့် နေခဲ့ ပြီးလောက်ပြီ
ရှေးဘ၀ရေစက်တဲ့  ပြောနေကြတာရိုးလွန်းပါတယ်
စိတ်အာရုံထဲ မင်းပုံရိပ်လေး ဖြတ်ကနဲပေါ်လာရင်တောင်
ငါက ပြီးပြည့် စုံနေတတ်တဲ့  ကောင်
စိတ်အမောနဲ့  ခိုးခိုးရှိုက်တဲ့  မြတ်နိုးမိတဲ့ စိတ်မှာ
ငါက
ငါ့ ထောင်ချောက်နဲ့  ငါပြန်မိလို့ 
သီတာရေတစ်စက်
အပူရောင်ဘ၀မှာ တရှိုက်မက်မက် ငတ်မွတ်မှု့ 
မင်း ညှိငင်ရာလမ်းအတိုင်း
ငါ့  စိတ်တွေရဲ့ ချည်တိုင်
ဘယ်သူနဲ့ မှမတူတဲ့ ချစ်ခြင်းမေတ္တာလိုမ၀ံကြွားလို က်နဲ့ 
ဒီလိုပုံပြင်မျိုးက ခေတ်အဆက်အဆက်ကြုံတွေ့ ဖူးပြီးသား
ထွက်ခွာရာမတူညီခဲ့ ကြပေမဲ့ 
ဒီလမ်းဆုံမှာ တို့ တွေ ရင်ခြင်းအပ်မိတယ်ဆိုပါစို့ 
တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု့ မှာ
မင်းရဲ့ နှဖူးပေါ် ငါ့ အနမ်းတစ်ပွင့် 
ခြေခြခွင့် ပြုလိုက်တော့ 
ငါ့ ရင်ခွင်အစုံဟာ
မင်းရဲ့  ကမ္ဘာ ဖြစ်ခဲ့ ပြီပေါ့  ………။
No comments:
Post a Comment