
ငါ့ဘ၀ထဲ နင်ဝင်ရောက်
နင်ကိုယ်တိုင် ဆောက်တည်ခဲ့တဲ့
ရင်ခုန်ခြင်းအိမ်လေးထဲ
ငါတို့အတူမခွဲဘဲ
နင့်အကြောင်းတိုင်း ငါမှတ်သားရင်း
နင်ပြောသမျှ ငါနာခံလွယ်တတ်ခဲ့တယ်……..။
နင်ကိုယ်တိုင် ဆောက်တည်ခဲ့တဲ့
ရင်ခုန်ခြင်းအိမ်လေးထဲ
ငါတို့အတူမခွဲဘဲ
နင့်အကြောင်းတိုင်း ငါမှတ်သားရင်း
နင်ပြောသမျှ ငါနာခံလွယ်တတ်ခဲ့တယ်……..။
နင့်မျက်ဝန်းတွေ
နင့် သံစဉ်သီချင်းတွေ
ပြီးတော့ နင်ဖွဲ့နွဲ့ခဲ့တဲ့ ငါ့ကို ချစ်တဲ့အကြောင်းတွေ…..အားလုံး
ငါ့နေထိုင်မှုအတွက် လုံလောက်
နင့်ကိုလည်း ငါ့အသက်လောက် ချစ်ခဲ့တယ်…..။
နင့် သံစဉ်သီချင်းတွေ
ပြီးတော့ နင်ဖွဲ့နွဲ့ခဲ့တဲ့ ငါ့ကို ချစ်တဲ့အကြောင်းတွေ…..အားလုံး
ငါ့နေထိုင်မှုအတွက် လုံလောက်
နင့်ကိုလည်း ငါ့အသက်လောက် ချစ်ခဲ့တယ်…..။
နင့်အကြင်နာတွေ ပီပြင်
နင့် အလိမ်အညာတွေ ပိရိလည်း
နင့်ပုံစံတွေ အလွတ်ရနေတဲ့ငါ
ဟန်ဆောင်ပေးရင်း ငါသိမ်ငယ်
မပြေလည်မှာ စိုးရွံ့ရင်း
ဘာမှမသိတဲ့ငတုံးလို
နင့်ကို အရှုံးပေးနိုင်ဖို့ ငါ့အသိဥာဏ်တွေကို စီရင်ခဲ့တယ်….။
နင့် အလိမ်အညာတွေ ပိရိလည်း
နင့်ပုံစံတွေ အလွတ်ရနေတဲ့ငါ
ဟန်ဆောင်ပေးရင်း ငါသိမ်ငယ်
မပြေလည်မှာ စိုးရွံ့ရင်း
ဘာမှမသိတဲ့ငတုံးလို
နင့်ကို အရှုံးပေးနိုင်ဖို့ ငါ့အသိဥာဏ်တွေကို စီရင်ခဲ့တယ်….။
နင်မလိုအပ်တော့လို့ ရှောင်ထွက်
နင်ဖယ်ခွာခဲ့တဲ့…..ငါ
ရင်နင့်စွာနဲ့ ဒီနေရာမှာ ရပ်ကျန်ခဲ့ရလည်း…..
သေရာပါမယ့် ရင်ကွဲခြင်းတွေနဲ့
နင်ကျေနပ်စေဖို့ ငါနေခဲ့မိတယ်….
နင်ဖယ်ခွာခဲ့တဲ့…..ငါ
ရင်နင့်စွာနဲ့ ဒီနေရာမှာ ရပ်ကျန်ခဲ့ရလည်း…..
သေရာပါမယ့် ရင်ကွဲခြင်းတွေနဲ့
နင်ကျေနပ်စေဖို့ ငါနေခဲ့မိတယ်….
No comments:
Post a Comment