
တိမ်တွေပေါ်လမ်းလျှောက်ရင်း
လေထဲမှာအိမ်ဆောက်ခဲ့တယ်….
ရေပေါ်မှာ ဆွဲတဲ့ပန်းချီကား
ထာဝရတည်မြဲမယ်ထင်မိတဲ့အချိန်
ရုတ်တရက်ရွာချလိုက်တဲ့မိုးက
အငြိုးကြီးလွန်းပါတယ်…..
လေထဲမှာအိမ်ဆောက်ခဲ့တယ်….
ရေပေါ်မှာ ဆွဲတဲ့ပန်းချီကား
ထာဝရတည်မြဲမယ်ထင်မိတဲ့အချိန်
ရုတ်တရက်ရွာချလိုက်တဲ့မိုးက
အငြိုးကြီးလွန်းပါတယ်…..
လက်တွေ့မကျတဲ့ ငါ့ဘ၀ထဲ….
မာယာဆိုတာတွေလွင့်ပျံချိန်…
ပြက္ခဒိန်ပေါ်က အလွမ်းတွေ..
အလန့်တကြားနိုးထလာချိန်..
နှလုံးသွေးတွေ မနွေးထွေးတော့အချိန်မှာ
စည်းမခြားဘဲ ဝေးသွားခဲ့ပြီ……….
မာယာဆိုတာတွေလွင့်ပျံချိန်…
ပြက္ခဒိန်ပေါ်က အလွမ်းတွေ..
အလန့်တကြားနိုးထလာချိန်..
နှလုံးသွေးတွေ မနွေးထွေးတော့အချိန်မှာ
စည်းမခြားဘဲ ဝေးသွားခဲ့ပြီ……….
ကိုယ်တိုင်မသိတဲ့အပြစ်…
ခွင့်မလွှတ်နိုင်တဲ့နင်…
ကံတရားရဲ့ မျက်လှည့်ပြကွက်နဲ့အတူ
လွဲမှားမှုတွေကြား
အဖြေရှာချိန်တောင်မရလိုက်ပါလား…..
ခွင့်မလွှတ်နိုင်တဲ့နင်…
ကံတရားရဲ့ မျက်လှည့်ပြကွက်နဲ့အတူ
လွဲမှားမှုတွေကြား
အဖြေရှာချိန်တောင်မရလိုက်ပါလား…..
နှလုံးသားတစ်ခုလုံး ငိုပွဲဆင်…
အသွေးအသားတစ်ခုလုံး ကြေကွဲနေရချိန်
ဖြည်းဖြည်းချင်းမျှဉ်း သတ်နေတဲ့
မင်းရဲ့အမုန်းတွေက..
သိပ်ပြင်းထန်လွန်းတယ်…
အသွေးအသားတစ်ခုလုံး ကြေကွဲနေရချိန်
ဖြည်းဖြည်းချင်းမျှဉ်း သတ်နေတဲ့
မင်းရဲ့အမုန်းတွေက..
သိပ်ပြင်းထန်လွန်းတယ်…
မျှော်လင့်နေမယ်…
နင်ယုံကြည်လာမယ့်တနေ့…
အပြစ်မဲ့နှလုံးသားတစ်ခု
ကြိုးစင်တင်ခံလိုက်ရတာကို
မင်းသိလာမယ့်တနေ့ကို
ငါ..ဆက်ဆက်စောင့်မယ်…
ငါ့အချစ်တွေ မင်းအပေါ်…
ဖြူစင်ခဲ့တာ……..
နှလုံးသားနဲ့ရင်းပြီး ငါ..သက်သေပြမယ်…
နင်ယုံကြည်လာမယ့်တနေ့…
အပြစ်မဲ့နှလုံးသားတစ်ခု
ကြိုးစင်တင်ခံလိုက်ရတာကို
မင်းသိလာမယ့်တနေ့ကို
ငါ..ဆက်ဆက်စောင့်မယ်…
ငါ့အချစ်တွေ မင်းအပေါ်…
ဖြူစင်ခဲ့တာ……..
နှလုံးသားနဲ့ရင်းပြီး ငါ..သက်သေပြမယ်…
အဝေးဆုံးကိုလှည့်ထွက်သွားတဲ့နင်
မုန်းလို့ဝရင်… ပြန်လာခဲ့ပါ…
ဒဏ်ရာတွေနဲ့ နာကျင်နေပေမယ့်….
ငါ့အချစ်တွေကဖြူစင်နေတုန်းပါ
ချစ်သူရာ…….။
မုန်းလို့ဝရင်… ပြန်လာခဲ့ပါ…
ဒဏ်ရာတွေနဲ့ နာကျင်နေပေမယ့်….
ငါ့အချစ်တွေကဖြူစင်နေတုန်းပါ
ချစ်သူရာ…….။
No comments:
Post a Comment