ရက်ပေါင်းများစွာ
ဗိုက်ထဲမှာလွယ်လို့
အနေရခက်
ထိုင်ရခက်တာကို
ထည့်မတွက်ပဲ
ကျနော့်ကို
ယုယစွာ မွေးထုတ်ပေးခဲ့တဲ့အမေ…..
လူ့လောကထဲ
ရောက်လာတဲ့
ကျနော့်ကိုအမေ့ရဲ့
အသွေးအသားဖြစ်တဲ့
နို့ချိုကိုတိုက်ကျွေးခဲ့တဲ့အမေ…..
အရွယ်ရောက်လာ
အများတကာ
ငြိုငြင်တာကို မလိုလားကာ
ကျနော် လိုချင်တာကို အလိုလိုက်ခဲ့တဲ့အမေ…..
စာသင်ရွယ်ကျောင်းကို ပို့လို့
ပညာတတ်ဖြစ်အောင်ရည်ရွယ်ကာ
ပညာနို့ချိုကို တိုက်ကျွေးခဲ့တဲ့အမေ…..
ထမင်းစားတိုင်း
ကျနော်တို့အတွက်
ဟင်းကောင်းတွေတာချန်ပြီး
ဖြစ်သလိုစားခဲ့တဲ့အမေ…..
ကျနော်ဘယ်လောက်ဆိုးဆိုး
ကျနော့်ရဲ့မိုက်ပြစ်တွေကို
နားလည်ခွင့်လွှတ်ပေးခဲ့တဲ့အမေ…..
ကျနော်ဒုက္ခရောက်တိုင်း
အမေ့ရဲ့အေးမြရင်ခွင်လေးက
အပြုံးလေးနဲ့ကြိုလို့
နှစ်သိမ့်အားပေးခဲ့တဲ့အမေ…..
~ တုနှိုင်းမမှီတဲ့ အမေ့ရဲ့ကျေးဇူးတွေကို ကျွန်တော် ဒီစာသားတွေနဲ့ အမေ့ကို ရှိခိုးဦးညွတ်လို့ ဂါရ၀ပြုလိုက်ပါတယ်အမေ ~
No comments:
Post a Comment