အလွမ်းဝေ...
ကြွေတဲ့....မျက်ရည်ကို
သက်သေပြ...။
ရက်ရှည်မက...ကျွမ်း
အနမ်းတွေ ပျောက်တဲ့
ဒီည...
ခင်တွယ်စရာ ပျက်သုန်းလို့
အမျက်အမုန်းများ
ထားခဲ့လေသလား
ဖြေကြားဦးလေ...။
အခု.....
ခွဲခွာခြင်း လမ်းဆုံမှာရပ်ကာ
ဇာတ်လမ်းလည်းဆုံး
အမြဲတမ်းပြုံးနိုင်ဖို့
ငါ အစွဲလမ်းဆုံး
(မင်းရဲ့)
နောက်ဆုံး အနမ်းတစ်ပွင့်
အသင့် ထည့်ပေးလိုက်ပါ
အလွမ်းတွေနဲ့...မြည်းဖို့လေ။ ။
No comments:
Post a Comment