ဒီမြို့လေးမှာ..
ရှေးရေစက်ကံ ၊ အကြောင်းဖန်တော့
မင်းနဲ့ဆုံရ ၊ ကြုံခဏတွင်
အချစ်ဖွဲ့ဆန်း ၊ ချိုမြိန်အနမ်းနဲ့
မျက်ဝန်းထင်လာ ၊ ပင့်သက်ဖြာခဲ့
အကြင်နာစု ၊ ယုယကဲစွာ
ပျော်ရွှင်ချမ်းမြေ့ ၊ လွန်ပျော်မွေ့လျှက်
သိပ်သာယာခဲ့တယ်လေ...
အမုန်းဖွဲ့ချိန် ၊ ချိုမြိန်မှုကင်း
တေးချင်းမဆို ၊ ငြိုငြင်ပင့်သက်
ရင်ထဲကြေကွဲ ၊ ဖြေလဲမပြေ
နွေလိုသောက ၊ ထိန်းမရလို့
စိတ်ထွေငေးမှိုင် ၊ မမေ့နိုင်ပဲ
အမုန်းဝေဒနာ ၊ မင်းပေးလာတော့
ဒီမြို့လေးမှာပဲ
ငါ့ , အသည်းတွေကွဲခဲ့ရတယ်လေ...
ဒါပေမယ့် “ကောင်မလေး”ရယ်..
ကြေကွဲလမ်းဆုံး ဝေးဆုံးချန်ရစ်
ဆုံခွင့်မရှိတော့ရင်လဲ
တွယ်တာနှောင်ရစ် မေတ္တာစစ်မို့
တိတ်တခိုး.ချစ်.နေ.ပါ.ရ.စေ.နော်...
ရှေးရေစက်ကံ ၊ အကြောင်းဖန်တော့
မင်းနဲ့ဆုံရ ၊ ကြုံခဏတွင်
အချစ်ဖွဲ့ဆန်း ၊ ချိုမြိန်အနမ်းနဲ့
မျက်ဝန်းထင်လာ ၊ ပင့်သက်ဖြာခဲ့
အကြင်နာစု ၊ ယုယကဲစွာ
ပျော်ရွှင်ချမ်းမြေ့ ၊ လွန်ပျော်မွေ့လျှက်
သိပ်သာယာခဲ့တယ်လေ...
အမုန်းဖွဲ့ချိန် ၊ ချိုမြိန်မှုကင်း
တေးချင်းမဆို ၊ ငြိုငြင်ပင့်သက်
ရင်ထဲကြေကွဲ ၊ ဖြေလဲမပြေ
နွေလိုသောက ၊ ထိန်းမရလို့
စိတ်ထွေငေးမှိုင် ၊ မမေ့နိုင်ပဲ
အမုန်းဝေဒနာ ၊ မင်းပေးလာတော့
ဒီမြို့လေးမှာပဲ
ငါ့ , အသည်းတွေကွဲခဲ့ရတယ်လေ...
ဒါပေမယ့် “ကောင်မလေး”ရယ်..
ကြေကွဲလမ်းဆုံး ဝေးဆုံးချန်ရစ်
ဆုံခွင့်မရှိတော့ရင်လဲ
တွယ်တာနှောင်ရစ် မေတ္တာစစ်မို့
တိတ်တခိုး.ချစ်.နေ.ပါ.ရ.စေ.နော်...
No comments:
Post a Comment