Friday, April 18, 2014

သူငယ်ချင်း..သံယောဇဉ်


အပြင်လောကမှာတော့
ငါတို့က အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေပေါ့
ငါ့စိတ်ကူးယဉ် အိပ်မက်မှာတော့
နင်ဟာ ငါ့နှလုံးသားရဲ့ အရှင်သခင်ပါ ၊

နင့်ကိုငါစတွေ့ကတည်းက
နင့်အပြုံးတွေဟာ ငါ့ကို ညှို့ယူဖမ်းစား
အမိန့်တွေပေးကာ
ငါ့နှလုံးသားကို အချစ်အဆိပ်တက်စေခဲ့တယ် ၊

အခုတော့ ငါ့မှာဖြေဆေးမရှိ
ညဘက်တွေဆို နင့်ကိုလွမ်းလို့
ကဗျာတွေရေးကြည့်ပြီး
အလွမ်းဖြေရတယ် သူငယ်ချင်းရယ်…..

ငါတို့သူငယ်ချင်းတွေ ရယ်စရာပြောတိုင်း
မရယ်တတ်တဲ့ နင်က ပြုံးဘဲပြုံးနေတယ်လေ
ငါဝန်ခံချင်တယ်…..
စွဲမက်စရာကောင်းတဲ့ နင့်အပြုံးတွေကို ပိုင်ရှင်မသိဘဲ
တိတ်တဆိတ် ခိုးယူခံစားခဲ့တာ အကြိမ်ပေါင်း မနည်းပေါ့

တကယ်တော့……ငါအဆိပ်သင့်ဒဏ် မခံနိုင်လို့ပါ
နှလုံးသားဝေဒနာ သက်သာဖို့လေ
ဒါပေမယ့်……ဒီဂရီမလျော့ တစ်မှတ်ပြီး တစ်မှတ် တိုးလို့သာ သွားတော့
သူငယ်ချင်းရယ် ငါ ရင် မော ရ တယ်
……………….. ။

No comments:

Post a Comment