Wednesday, April 9, 2014

တက္ကသိုလ်မှာဝေတဲ့....နှင်း

ဟေမာန်...အစ ၊ နွေတမာန်ကကြို

ကြွေပြန်ခဲ့ရ...
စေတမာန် ...လေ ၊သူမွှေခဲ့လို့White-house-rose-garden
နွေ အကြို ရွှေဥသြမရောက်ခင်
လွမ်းပင်ထက်မှာ
လွမ်းပွင့်ဝေ...။ ။
မြူမှုန်နှင်းပျ
ကျောင်းဝင်ဝမှာ
လင်းအားမပိုခင်...စိုစေခဲ့လို့
ကောင်းသတင်းမပြေတဲ့
တက္ကသိုလ်မြေ...ရေတမာတန်း
အဓိပတိလမ်းမှာ
အလွမ်းတွေနဲ့အတူ
မပြင်းကြွေတဲ့...
နှင်းတွေဝေ.....။ ။
   

No comments:

Post a Comment