ထားရစ်ခဲ့ပါ
အပြုံးတွေမပါ
အမုန်းတွေသာ ရှိတဲ့
မင်းရဲ့ အဝေးမှာပေါ့...။
ထားရစ်ခဲ့ပါ
အနမ်းသံသရာ
အလွမ်းကဗျာတွေနဲ့
တစ်ယောက်တည်းပေါ့...။
ထားရစ်ခဲ့ပါ
တစ်ယောက်တည်း
မလျှောက်ရဲတဲ့
နွေတစ်ရာထဲ
ဝေဒနာ အပြည့်နဲ့ပေါ့...။
ထားရစ်ခဲ့ပါ
ချစ်တတ်လွန်းသူကို
နှိမ့်ချခြင်း အမုန်းတွေနဲ့
ငါ့ရဲ့....
သ၀န်တိုမှုတွေ အတွက်
အပြစ်တင် အပြစ်မြင်ပြီးလေ...။ ။
No comments:
Post a Comment