Wednesday, December 9, 2015

ရှမ်းရိုးရာ ကိန္နရာ ကိန္နရီ သမိုင်း( အကျဉ်း )



  1. ရှမ်းရိုးရာ ကိန္နရာ ကိန္နရီ သမိုင်း( အကျဉ်း )

ရှေ့အခါ၌ ကိန္နရာ - ကိန္နရီ (နုတ်ကင်ကလာ) အက ကို သီတင်းကျွတ်ပွဲတော်မှသာ က လေ့ ရှိသည် ။ အကြောင်းအရင်မှာ ဝါတွင်း(၃) လပတ်လုံး မြတ်စွာဘုရားရှင် သည်(တာဝတိံသာ - နတ်ပြည်မှာရှေ့ဘဝ က မယ်တော် ဖြစ်ခဲ့ဖူးသည် “သန္တုဿိတ နတ်သားကို အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူပြီး သီတင်းကျွတ် လပြည်နေ့၌ လူပြည် “သကာင်္ဿနဂိုရ်ပြည် သို့ ဆင်းတက်ကြွမြန်းလာခဲ့သည်။ ထိုအချိန်၌ လူ၊နတ်၊ဗြဟ္မာ၊အဟိတ်တိရိစ္ဆာန်များပါမကျန် ဘုရားရှင်ကိုလာရောက်ဖူးမြော်ကန်တော့ကြသည်အထဲတွင် အလွန်ထူးခြားဆန်းပြားသော” ဝင်းပါသော ရွှေရောင်အဆင်းနှင့် လူကိုယ် ငှက်တောင်ပံနှင့်အမြီးပါသော လူတပိုင်း ငှက်တပိုင်း ပုံသဏ္ဍန်ရှိ “ (ကိန္နရာ-ကိန္နရီ)ဖိုမ တိုလည်းပါဝင်ပေသည်။ ဘုရားရှင်ကို ရိုကျိုးစွာရှိခိုးကန်တော့ပြီး နောက် (ကိန္နရာ-ကိန္နရီ)မောင်နှံတို သည် ကကြိုး ၊ က ကွက် နူးညံ့ပျော့ပြောင်းစွာဖြင့် ကပြပူဇော်ပါသည်။ အားပါးတရ ကပြ ပူဇော်ပြီးနောက် ၎င်းတို့၏နေရပ်ဌာနီဖြစ်သည်၊ မြင့်မိုရ်တောင် ရှိရာ သို့ ပျံသွားကြသည်။ ၎င်းတို့၏ ပျော့ပျောင်းပြီး ၊ နူညံ့ယဉ်ကျေးသိမ်မွေ့သည် ၊ အက ကို မြင်တွေခဲရသောဘုရားဖူးလာကြသူတွေက မေ့မရအောင် နှစ်သက်စွဲလမ်းပြီး ကျန်ရစ်ခဲ့ကြသည်။ ထို့နောက် ရှမ်းလူမျိုးဖြစ်သော အနုပညာ ရှင်များ နှင့်သိုင်းပညာရှင်များ က လူတပိုင်း ငှတ်တပိုင်း ပုံရှိ (ကိန္နရာ - ကိန္နရီ) အက ကို လူနှင့် အစားထိုးပြီး ကပြနိုင်အောင် ကကြိုး ကကွက်များကိုယူ၍ သော၎င်း (ကိန္နရာ-ကိန္နရီ)တို့၏ အလိုက် အဖမ်း ရှောင်ကာ ပုံ နည်းများ ကို သိုင်းပညာရပ်တွင်ထဲသွင်းကစားပြသခဲ့သည်။ ယနေ့ထက်တိုင် ရှမ်းလူမျိုးတို့၏ “ရိုးရာကိန္နရာကိန္နရီ“အက,,အဖြစ်ထူးခြားစွာဆန်းပြားစွာကပြပျော်ဖြေတင်ဆက်ပူဇော်လျတ်ရှိပါသည်။
ဘုရားရှင် က “သင်္ကာဿနဂိုရ်ပြည် ကို ကြွဆင်းလာတော်မူစဉ်အခါ၌ ကိန္နရာ - ကိန္နရီ တို့နှင့်အတူ အမွှေးအမျှင်ရှည်သော “လူ , ( ꨀူꨓ်ꨳꨁူꨎ်) နှင့် တိုးနယား(ဦးချိုပါ သမင်နှင့်ဆင်တူသည်)တို့သည်လည် ထူးခြားပါလာပေသည်။ ထို့ကြောင့် “တိုးနယား အက ကိုလည်း သီးသန့်ဖြင့်သော၎င်း ကိန္နရာ-ကိန္နရီနှင့်တွဲဖက်၍သောလည်ကောင်း ၊ သီတင်းကျွတ်လပြည့်နေ့ကစပြီး ဘုန်းကြီးကျောင်း နှင့် ရပ်ရွှာတွင်းရှိ ရပ်မိ/ရပ်ဖ တို့အား ကပြ ပူဇော်ကန်တော့လေ့ရှိသည် ။
ကိန္နရာ-ကိန္နရီတို့၏ ရုပ်ဆင်းအင်္ဂါလက္ခဏာများမှာ
၁။ သိမ်မွေ့ယဉ်ကျေးခြင်းနှင့်ပျော့ပျောင်းနူးညံ့သောအမူအရာရှိခြင်း။
၂။ ပိုးကောင်း မွှားကောင်များ ကို မစားခြင်း ၊ ပန်းဝတ်မှုံ ဝတ်ဆံ များ ကိုသာ စားသုံးခြင်း။
၃။ ရွှေရောင်အဆင်းကဲ သို့ ဝင်းပါလျတ် ရှုမငြီးသည့် အဆင်းရှိသည်၊တုရိယာ ငါးပါးကို တီမှုတ်တက်ခြင်း။
၎။ အက မှာ လိပ်ပြာတောင်ငယ်များ ကဲ့သို့ ပေါ့ပါးစွာ ဝဲပျံကခုန်တက်ခြင်း။
၅။ လူ၏ ခန္ဒာကိုယ်နှင့် ငှတ်အမြီးတောင်ပံရှိခြင်း စသည်တို့ဖြစ်ပါသည်။
ကိန္နရာ - ကိန္နရီ “အက,, ကို ကပြမည်သူများ လိုက်နာရမည့် စည်းကမ်းချက်များ
၁။ အတောင်ပံ နှင့် ဝတ်စုံကို ရိုသေရမည် ၊ ဆော့ကစား ကျော်လွှားခြင်မပြုရပါ ။
၂။ ဝတ်စုံ မဝတ်မှီ ကန်တော့ရမည်။
၃။ ဝတ်စုံဝတ်ပြီလျှင် တွဲဖက် တီခတ်ပေးမည် အိုးစည် ၊ ဗုံမောင်း တို့ကို ကန်တော့ရမည်။
၎။ ဝတ်စုံကိုအပျော် အနေဖြင့် ဝတ်ဆင်ခြင်း (လုံးဝ) လုံးဝ မပြုလုပ်ရရန် အထူးရှောင်ပါ။
ကိန္နရာ - ကိန္နရီ အက တွင် ၂ မျိုးရှိရာ
၁။ မြတ်စွာဘုရားရှင် အား ကန်တော့ သော အက
၂။ ပုံပြင်ဇာတ်လမ်း ၊ ပွဲလမ်းသဘင်တွင် သရုတ်ဖော် အက ဟူ၍ ရှိပါသည်။
ကိန္နရာ - ကိန္နရီ ဝတ်စုံကို ဝတ်ဆင်ပြီးလျှင်” ရှမ်းအိုးစည် ဗုံမောင်း ,,တို့ နှင့် တွဲဖက်ကာ ကပြရမည်နေရာမှ
အတောင်ပံအလှ နှင့် အမြီးတို့ကိုဖြန့်၍ ” က,, ရင်း ကကွင်း ဖြစ်သော မြေပြင်(သို့) ကစင်ပေါ်၌ တပတ်
လျှောက် ပြပြီး စ၍ လျှောက်သော နေရာသို့ ပြန်ရောက်သည် နှင့် လတ်အုတ်ချီ၍ ကိုယ်နှင့်ဦးခေါင်းတို့ကို
ရှေ့ နောက် ဝဲယာ စောင်းငဲ့ကာ ကန်တော့ပြီး ဟန်အမူအရာ နွဲ့နွဲ့နှောင်းနှောင်း ၊ မြူးမြူးကြွကြွ လေးဖြင့်
ကကွင်း တပတ် လှည့်ပတ်ရမည်၊ ကွင်းလယ်သို့ရောက်သောအခါ” ကိုယ်ခန္ဒာ,, ကို မြင့်ချည်နိမ့်ချည် လုပ်ကာ
တဖြေးဖြေး မြေပြင်ပေါ်သို့ဝပ်တွားလိုက်ပြီး ဘုရား ၊ တရား ၊ သံဃာတော်များ နှင့် ပွဲ့ကြည်ပရိတ်သတ်တို့ကို
လတ်အုတ်ချီ ကန်တော့ ကပြရပေသည်။
ထို သို့ ယနေ့မြန်မာနိုင်ငံ နှင့် ကမ္ဘာ အဝှမ်း တွင် ရှမ်းတိုင်းရင်သားများ တို့၏ ရိုးရာအဖြစ် တင်တယ်စွာ
သမိုင်းတွင်နေပါတော့ပေသည်။

ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ


No comments:

Post a Comment