Wednesday, December 9, 2015

မွန်တွေကို တကယ်တန်းချစ်တယ်ဆိုရင်

မွန်တွေ ကိုတကယ်တန်းချစ်တယ်ဆိုရင်.......။




မွန်အမျိုးအနွယ်အတွင်းမှ ပေါက်ဖွားဆင်းသက်လာရသည်ပင် စာရေးသူအနေနဲ့ ဂုဏ်ယူစရာတရပ်ဟုထင်မိပါသည်။အကြောင်းသော်ကား မွန်လူမျိုးသည် မွန်ခမာအနွယ်မှဆင်းသက်လာသောလူမျိုးကြီးတရပ်ဖြစ်သည့်အပြင်ဂေါတမဘုရားရှင်ပွင့်တော်မူစအချိန်မှစ၍ ရာတနာသုံးပါးလေးစားရမှန်း၊ တစ်ဦးနဲ့တစ်ဦးဆက်ဆံရာတွင်ယဉ်ကျေးသိမ်မွေ့ရမှန်းတစတစသိလာကာ၊ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်တိုင်းပြည်ကိုယ့်စာပေကိုယ်ပိုင်ယဉ်ကျေးမှုအဆင့်ထိတိုးတက်လာသောကြောင့်ဖြစ်ပါသည်။
ဤသို့ခေတ်အဆက်ဆက်ချီတက်လာသော်လည်း စာပေယဉ်ကျေးမှုများမပျောက်ကွယ်ပဲ ယခုထက်တိုင်တည်ရှိနေနိုင်ခြင်းမှာမွန်မျိုးချစ်များဖြစ်ကြသောဘဘေး၊ ဘိုးဘီဘင်နောင်တော်ဆွေမျိုးစဉ်ဆက်တို့၏ ကျေးဇူးကြောင့်ဟုဆိုလျှင်မှားနိုင်မည်မထင်၊မွန်ခမာနောက်မှမြန်မာပြည်တွင်းသို့ဝင်ရောက်လာသောပျူ၊ကမ်းယံ၊သက်လူမျိုးတို့မှာယခုအခါကျောက်စာအချို့မှလွဲ၍လူမျိုးတစ်ရပ်အနေဖြင့်လက်ဆုပ်လက်ကိုင်ပြစရာလောက်အောင်ပင်ဤနိုင်ငံမှဆိတ်သုန်းသွားရသည်။
ဤသို့လူမျိုးပျောက်ကွယ်ရခြင်းမှာ ငါးကြီးကငါငယ်ကိုစား၊ ငါးငယ်ကပုစွန်ဆိက်ကိုစား၊ ပုစွန်ဆိတ်ကရေညှိကိုစားသကဲ့သို့လူမျိုးကြီးတစ်ရပ်က လူမျိုးစု၊လူနည်းစုကိုဝါးမျိုသောကြောင့်လည်းကောင်း၊ လူမျိုးချင်းချင်းရောနှောဆက်ဆံခြင်းကြောင့်သော်လည်းကောင်း၊ မိတို့၏စာပေယဉ်ကျေးမှုထက် တပါးအမျိုးနွယ်တို့၏ စာပေယဉ်ကျေးမှုကိုအထင်ကြီးသောကြောင့် လည်းကောင်း၊ အစရှိသောအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေလိမ့်မည်။
ဘာသာစကားသည်ပထမအမျိုးသားတိုင်းမိမိတို့၏ အမျိုးမပျောက်ကွယ်သွားအောင်အရှည်တည်တံ့အောင် အမျိုးအပေါ်တွင်သစ္စာရှိရမည်၊စောင့်ထိန်းရမည့် တာဝန်ကိုယ်စီရှိရမည်၊ မိမိ၏အမျိုးကို ချစ်ခင်လေးစားရမည်၊ ကမ္ဘာ့လောကတွင်ဤအမျိုးအနွယ်ကမြတ်သည်၊ ဤအမျိုးအနွယ်ကယုတ်သည်ဟူ၍ အတိအကျတိုင်းတာ၍ ရမည်မဟုတ်ပါ။မိမိ၏လူမျိုးဘယ်အခြေအနေရောက်ရောက်နေစေကာမူ မိမိ၏လူမျိုးရှေ့တန်းရောက်အောင် တိုးတက်လာအောင်ကြိုးစားရမည်မှာလူတိုင်းရှောင်ဖယ်၍ မရသော အဓိကတာဝန်တရပ်ဖြစ်ပေသည်။
လူမျိုးတစ်ရပ်၏အဓိကလက္ခဏာသည်ကာ ဘာသာစကားပင်ဖြစ်၏။ ကိုယ်ပိုင်ဘာသာစကားမရှိသောလူမျိုးစုတခုအနေဖြင့်ရပ်တည်ဖို့ခဲယဉ်းလှပေသည်။ လူမျိုးတိုင်းကိုယ်ပိုင်ဘာသာစကားရှိသရွေ့ လူမျိုးတစ်ရပ်အ ဖြစ်တည်တံ့နိုင်သေးသည်သာဖြစ်၏။
မွန်တွေ ကိုတကယ်တန်းချစ်တယ်ဆိုရင်
ဘာသာစကားသည်ပထမ-------------------------ဘာသာစကားသာပျောက်ကွယ်သွားရင်“ဒါမွန်လူမျိုးပဲ၊ဒါဗမာလူမျိုးပဲ”ဟုညွှန်ပြစရာပင်ရှိမည်မဟုတ်။ထို့ကြောင့်မွန်မျိုးချစ်ပုဂ္ဂိုလ်တိုင်းမွန်ဘာသာစကားကိုသင်ကြားရမည်။လေးစားရမည်။ မွန်စကားကိုနေရာတကာပြောကြားရပေမည်။
စာရေးသူတို့ငယ်စဉ်က အစိုးရစာသင်ကျောင်းတွင်နေရသဖြင့်ကျောင်းမှာဗမာလိုအချင်းချင်းပြောကြအိမ်ရောက်ပြန်လျှင်လည်းဗမာလိုပြောကြသည်ကိုအဘိုးလုပ်သူကမြင်ပြင်းကပ်၍“အိမ်မှာတော့ကိုယ့်အချင်းချင်းမွန်လိုပြောကြပါ”ဟုမိမိတို့ညီအကို ကိုတိုက်တွန်းခဲ့ဘူးသည်။ကလေးဘ၀မှစ၍မိမိ၏မိခင်ဘာသာစကားနှင့်ထိတွေ့မှုမရှိခဲ့ရင်ထိုကလေးသည်ကြီးပြင်းလာသောအခါပိုဆိုးဘို့သာရှိတော့သည်။မိမိ၏မိခင်ဘာသာစကားကိုလေးစားစားရမှန်းမသိတော့ပဲသူတပါး၏ဘာသာစကားကိုသာအထင်ကြီးလာပေလိမ့်မည်။
မိမိလူမျိုးရဲ့မြင့်မြတ်တဲ့ဘာသာစကားကိုသားသမီးတို့အားလက်ဆင့်ကမ်းပေးရန်ပုခက်လွှဲသောလက်ပိုင်ရှင်မွန်မိခင်တိုင်း၊မွန်ကိုတကယ်ချစ်တဲ့မွန်ဖခင်တိုင်း၏တာဝန်ပင်ဖြစ်ပေသည်။
စာပေသည်ဒုတိယ------------------လူ့ယဉ်ကျေးမှုစတင်ကတည်းက ဘာသာစကားသည်တစ်ဦးနဲ့တစ်ဦး နားလည်အောင် ဆက်သွယ်ရာတွင် ပနာနကျသောလက်နက်ကရိယာတစ်ခုပင်ဖြစ်သည်။ ဘာသာစကားပေါ်ပေါက်ပြီးမှသာ ဘာသာစကားကိုမှတ်တမ်းတမ်းတင်သည့်စာအရေးအသားပေါ်ပေါက်လာရသည်။
ဘယ်လူမျိုးတွေကမှစာအရေးအသားကဦးစွာပေါ်၍ဘာသာစကားနောက်မှပေါ်သည်ဟူ၍မရှိပေ။လူတိုင်းလူတိုင်းရှေးဦးစွာ “ချိုမိုင်မိုင်”သင်လာရသည့်အချိန်မှစ၍ စာသင်ကျောင်းသို့မရောက်မှီကာလအတွင်း“ပုဗ္ဖစရိယမိနှင့်ဘ”တို့၏လက်ထဲတွင်ဘာသာစကားကို သင်ကြားခဲ့ရသည်၊ထိုကြောင့်စာပေသည်လူမျိုးတည်တံ့ရေး၏ဒုတိယမှတ်ကျောက်ဖြစ်ပေသည်။
ယခုအခါမွန်အမျိုးသား၊အမျိုးသမီးတိုင်း မွန်ဘာသာပြောတတ်သည်ကိုထားဘိဦး၊မွန်ဘာသာဖြင့်ရေးတတ်၊ ဖတ်တတ်ရန်ခပ်ရှားရှားဖြစ်လာသည်မှာ စာရေးသူအနေနဲ့ အလွန်ဝမ်းနည်းမိပါသည်၊ဤကဲ့သို့မွန်ဘာသာကိုသာပြောတတ်၍မရေးတတ်၊မဖတ်တတ်ရခြင်းမှာစာသင်ချိန်အရွယ်ရောက်သည်နှင့်အစိုးရစာသင်ကျောင်းသို့ပို့ကြသောကြောင့်ပင်ဖြစ်ပေသည်။စာရေးသူအနေနဲ့မွန်ကလေးငယ်များကိုအစိုးရကျောင်းဆီသို့မပို့ရဟု မဆိုလိုပါ။သို့သော်အစိုးရကျောင်းမှာနေရင်းမိဘလုပ်သူကအားလျှင်အားသလိုသင့်တော်သည့်အချိန်မှာ....မွန်စာပေသင်ကြားသင့်ပေသည်
စာရေးသူအနေနဲ့အစိုးရမူလတန်းကျောင်းနေကတည်းက မွန်စာကိုကောင်းကောင်းရေးတတ်၊ဖတ်တတ်နေပေပြီ၊အကြောင်းမှာအစိုးရကျောင်းတွင်နေရင်းအဘိုးက ကျောင်းပိတ်ရက်(အဖိတ်၊ဥပုသ်)ရက်နေ့တိုင်းဘုန်းကြီးကျောင်းတက်ခိုင်း၍မွန်စာသင်စေခဲ့သည်။
နွေရာသီကျောင်း(၂)လပိတ်ချိန်တွင်လည်း(၂)လလုံးလုံးဘုန်းကြီးကျောင်းမှာ အချိန်ကုန်ရပြန်သည်။ စာရေးသူအနေနဲ့(၁၂)နှစ်လုံးလုံးစာသင်နေရသည်မှာငြီးငွေ့ခဲ့သည်။အဘိုးဖြစ်သူ၏အမိန့်ပညတ်ချက်ကိုမလွန်ဆန်ဝံ့၊အဘိုးကိုကြောက်နေရသဖြင့်အစိုးရကျောင်းနှင့်ဘုန်းကြီးကျောင်းတွင်သံသရာလည်ခဲ့ရသည်။အဘိုးကွယ်လွန်သောအခါမှအဘိုး၏ကျေးဇူးကိုဆပ်၍မကုန်နိုင်အောင်ကြီးမားကြောင်းသိရသည်။
ကျွနုပ်တို့လူမျိုးများမှာမွန်စာမတတ်လျှင်နေရမည်၊ဘာသာခြားတရုတ်၊ကုလားတို့မှာ အမျိုးသားကျောင်းအသီးသီးဖွင့်ကာအချိန်ပိုင်းသော်လည်းကောင်း၊ အချိန်ပြည့်သော်လည်းကောင်း၊မိမိတို့စာပေကိုသင်ကြားနေ ကြသည်။ထို့ကြောင့်တရုတ်လူမျိုး၊ကုလားလူမျိုးတိုင်းလိုလိုမိမိတို့၏ ဘာသာစကားကိုပြောတတ်ကြလည့်အပြင် ကောင်းမွန်စွာရေးတတ်၊ဖတ်တတ်ကြပေသည်။ အတုယူစရာကောင်းလှပေသည်။တိုင်းရင်းဖွားမွန်လူမျိုးအနေဖြင့်မွန်စာတတ်ရန်ဘုန်းကြီးကျောင်းကိုသာအားကိုးရရှာသည်။
မွန်အမျိုးသားကျောင်းဟူ၍အသီးအခြားမရှိခဲ့။ဘုန်းကြီးကျောင်းဆိုရာ၌လည်းကျောင်း သူများကိုလက်ခံသည်မဟုတ်၊ထို့ကြောင့်မွန်စာကိုဖတ်တတ်စရာရှိလျှင်ယောကျာ်းများသာတတ်၍မိန်းမများမတတ်ပဲရှိကြရသည်။မွန်ဒေသရှိအချို့သောမူလတန်းစာသင်ကျောင်း၌မွန်စာကို သင်ကြားပေးသည်ဆိုသော်လည်းထိထိရောက်ရောက်မရှိ။
မတောက်တခေါက်နဲ့သာအချိန်ကုန်ခဲ့ရသည်၊တချိန်ကမော်လမြိုင်ကောလိပ်တွင်မွန်ဘာသာကို(OptionalSubject)စိတ်ကြိုက်ဘာသာတရပ်အနေဖြင့်သင်းကြားပေးခဲ့သော်လည်း နောက်ပိုင်းတွင်“ဖုတ်လေသည့်ငပိ၊ရှိသည်ဟုပင်မကြားမိတော့”အချုပ်အားဖြင့်ဆိုရလေသော်ဘာသာခြားစာပေကိုတတ်သင့်သလိုကိုယ့်စာပေကိုမသင်မနေရ၊တတ်အောင်သင်ရမည်။ဘာသာခြားစာပေကိုတော့တတ်ပါလျှက်မိမိစာပေကိုတော့မတတ်ဘူးဆိုလျှင်ရှက်စရာပင်ကောင်းလှပေသည်။ သို့သော်ဤရှက်စရာကိုအချို့ကဂုဏ်ယူစရာအဖြစ်ပြောနေကြသည်ကိုကြားရတိုင်းစာရေးသူအနေဖြင့်ဆတ်ဆတ်ခါနားကျည်းလှသည်။မိမိစာပေကိုတော့ဘယ်နည်းနဲ့မဆိုဆရာကောင်းရှာ၍တတ်မြောက်အောင်သင်ကြားရပေလိမ့်မည်။
ယဉ်ကျေးမှုသည် တတိယ---------------------------ဘာသာစကားနှင့်စာပေတိုးတက်လေလေယဉ်ကျေးမှုတိုးတက်လေလေဖြစ်ပေမည်။ဘာသာစကားနှင့်စာပေကိုကြည့်ကာမျှဖြင့်လူမျိုးတရပ်၏ယဉ်ကျေးမှုအဘယ်မျှအဆင့်အတန်းရှိသည်ကိုခန့်မှန်းနိုင်ပေသည်။ဘာသာစကားနှင့်စာပေမှာယဉ်ကျေးမှု၏ပင်ရင်းမူလ(သို့)အခက်အလက်များဖြစ်သော်လည်း၎င်းကောင်းတို့ကိုသီးခြားတင်ပြရခြင်းမှာ၎င်းတို့သည်ယဉ်ကျေးမှု၏၀ိသေသလက္ခဏာများဖြစ်သောကြောင့်ပင်ဖြစ်လေ၏။
ယဉ်ကျေးမှုဟုဆိုရာ၌လူမျိုးတမျိုး၏ဓလေ့ထုံးစံ၊အသက်မွေးမှု၊ဘာသာရေး၊နေထိုင်မှု၊၀တ်စားဆင်ယင်မှု၊အနုပညာစသည်ဖြင့်အလွန်ကျယ်ဝန်းလှသည်။
R.W.Emenson အာဒဗလျူအီမာဆင်%E
ချစ်ခင်လေးစားသောမွန်ပျိုချော (ရွှေအိမ်စည်



ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ


No comments:

Post a Comment