Saturday, May 3, 2014

အထီးကျန်


မီးတစ်စလို လောင်ကျွမ်း
ရင်ခွင်တစ်ခြမ်း ပြာဖြစ်နေတာတောင်
အထီးကျန်တာ မလွဲရှောင်သာသေးပါလား။ ။
တိတ်တိတ်လေးငို
စိုမျက်ရည်မိုးတွေ
ရင်ထဲကိုရွာသွန်းလည်း
အထီးကျန်မီးတွေ မငြိမ်းနိုင်ပါလား။ ။
စာရွက်လေးတစ်ရွက်…
အေးစက်လို့ ခုံတန်းလေးမှာ
မျှော်လေရဲ့။ ။
အချစ်ကြောင်းရေးဖို့ရာ
“ခဲတံ” မရှိတဲ့ဘ၀…
အိုလေ… အထီးကျန်လွန်းတယ်။ ။
ငါ့ဘ၀လည်း ဒီလိုပါပဲ
မင်းမရှိတဲ့ ဒီခုံတန်းလေးမှာ
အေးတိအေးစက် အထီးကျန်လာတာ
မျက်ဝန်းမှာ မျက်ရည်တွေ ခမ်းတဲ့ထိပါပဲလား။ ။

No comments:

Post a Comment