Sunday, January 5, 2014

“ သတိဆိုတာ ပိုသည်မရှိ ”

“ ဆရာတော်ဦးပဏ္ဍိတက ကျွန်မကို သတိဆိုတာကို
အမြဲလက်ကိုင်ထားဖို့ တိုက်တွန်းပြောကြားသွားပါတယ်။
◙ သဒ္ဓါလို့ခေါ်တဲ့ ယုံကြည်မှု၊
◙ ၀ီရိယလို့ခေါ်တဲ့ အားထုတ်မှု၊
◙ သမာဓိလို့ခေါ်တဲ့ စိတ်တည်ငြိမ်မှု၊
◙ ပညာလို့ခေါ်တဲ့အသိဥာဏ်ရှိမှု၊
◙ သတိလို့ခေါ်တဲ့ မမေ့မလျော့အမှတ်
ရမှု ။ ဆိုတဲ့ တရားငါးပါးထဲမှာ -
သတိတရားဟာ ပိုတယ်မရှိပါဘူး။ ပညာလုံလောက်စွာ
မပါတဲ့ သဒ္ဓါအားကြီးမှုဟာ မျက်ကန်းယုံကြည်မှုမျိုး
ဖြစ်စေပါတယ်။ လုံလောက်တဲ့သဒ္ဓါမပါတဲ့ ပညာ
အားကြီးမှုဟာ မလိုလားအပ်သော ဥာဏ်နီဥာဏ်နက်
များပြားမှုမျိုး ဖြစ်စေပါတယ်။ သမာဓိအားနည်းပြီး
ဝီရိယလွန်ကဲမှုဟာ ဂနာမငြိမ်ခြင်းကို ဖြစ်စေပါတယ်။
ဝီရိယမလုံလောက်ဘဲ သမာဓိအားကြီးခြင်းဟာ
ပျင်းရိခြင်းကို ဖြစ်စေပါတယ်။ ဒါပေမဲ့ လူတစ်ယောက်
အတွက် သတိဆိုတဲ့အရာကတော့ ဘယ်တော့မှ ပိုတယ်
မရှိပါဘူး။ ဒါကြောင့်လည်း “ သတိဆိုတာ ပိုသည်မရှိ၊
လိုသည်သာရှိ၏ ” လို့အဆိုရှိတာပါ။

No comments:

Post a Comment