Tuesday, October 14, 2014

အချစ် ပေးတဲ့ အလွမ်း


                              

ငါသောက်နေတဲ့ကော်ဖီ
တစ်ခွက်...
ပေါ့ပျက်ပျက်ဘ၀တစ်ခုမှာ

လေပြေလေညှင်းတွေက  
ယူဆောင်လာတဲ့အလွမ်းတွေကြောင့် 
ငါဟာ..ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းသွားတယ်....

ငါမလွမ်းချင်ပါဘူး  
အချစ်တွေကသာ ငါ့ကိုလွမ်းတတ်အောင်သင်ပေးတာ
ငါ့နှလုံးသား ပုံမှန်လည်ပတ်နေရတာ 
အခုဆိုအချစ်ကြောင့် ရက်တန်.သွားပြီ...

ကြယ်ကြွေညတိုင်း 
ကဗျာတစ်ပုဒ်ကို ငါတစ်ယောက်တည်း ရေးနေကျ
အခုဆိုအလွမ်းတွေကို အဖော်ပြုပြီ ရေးတတ်ခဲ့ပြီ 
ဒါကိုအချစ်ကသင်ပေးတဲ့ အလွမ်းလို့ငါဆိုရမလား....


No comments:

Post a Comment