Tuesday, October 14, 2014

ဘယ်သူ့မှ မသိတဲ့ အချစ်


                          

ညပျက် ညတစ်ညမှာ 
ကြယ်ကြွေလို့ ငါတောင်းဆုခြွေတာ
ဘယ်သူမှ မသိလိုက်ပေမဲ့
လမင်းကြီးကတော့ သိနေဆဲပါ..


အလွမ်းလေညှင်း တိုက်ခတ်လာ 
ငါတစ်ယောက်တည်း အထီးကျန်စွာရယ်ပေါ့
နှင်းစက်ကလေးတွေ ကျလို့ရယ် 
ဘယ်သူမှ မသိပေမဲ့
ဆောင်းညတွေ သိနေဆဲပါ..


ဒီလိုတိတ်ဆိတ်ငြိမ်တဲ့ ညတွေမှာ
ငါတစ်ယောက်တည်း အဖော်မဲ့လို့ရယ်
မင်းကို တိမ်းတ တာ
ဘယ်သူမှ မသိလိုက်ပေမဲ့
ငါအိပ်နေတဲ့ အခန်းလေးရယ်
ငါသောက်နေတဲ့
ကော်ဖီခါးခါးတွေ သိနေဆဲပါ..


မင်းအကြည့် တစ်ချက်ကြောင့်
ငါ့နှလုံးသားလေး ကြွေသွားတာ
မင်းမသိလိုက်ပေမဲ့
ငါ့ DIARY တွေ သိနေဆဲပါ..

ချစ်သူ....





No comments:

Post a Comment