Thursday, September 18, 2014

ဒီရင်ဘတ် လဲ နာတတ်ပါတယ်


ထွေပြား နေမလား
အရင်ကလိုပဲ
စိတ်တွေေ၀၀ါးနေဆဲလား
ကျိတ်မှိတ်  ခံရဘူးတဲ့ 
ဒုက္ခ  လှလှ  တွေ ကရော
ဆီးကြို နေတုန်း ပဲလား
မနေချင် တော့ ပါဘူးလို့ 
အခါခါ  ငြင်းဆန်ဘူးတယ်

နှစ့် ချို့  ကံတရား ကြီးရယ်
အဲ့ဒီ ဖက်ကို  နောက်ထပ်
ကျေးဇူ့ ပြု့   ပြီး
မခေါ်ဆောင်  သွားပါနဲ့ နော်
ရင်မောနာ ကျလွန်း လို့ ပါ


ဖိနပ်   ဖနောင့်ပြဲ
နောက်ကွဲ  အင်္ကျီ  အစုတ်နဲ့ 
နေပူထဲ  လမ်းလျှောက်
သောက တွေ  ရဲ့ အကြောင်း
စာစီပြရ ရင်
ကဗျာ တွေ တောင် ထိုင်ငိုချလောက်ရဲ့

ဖိတ့်ခေါ်ခြင်းမဲ့
ဘောင်ကွတ့်   မလှ တဲ့ 
ဘ၀  တဲစုတ်  ထဲ
အားမနာ တမ်း
သူဝင်ရောက်  မွေနှောက်သွားတာ
လက်တား ချိန်မရလောက်အောင်
 ခလောက်ဆန်  သွားတယ်

ရယ်မောခြင်းတွေ
မေ့မျှော  နေလောက်အောင်
ဝင်သက် ထွက်သက်   တွေက
အသက်  ရှုမ၀  ခဲ့ဘူး
နွမ်းနယ် သူ  ကူရာမဲ့   
ကံကြမ္မာ  နေပူထဲ
ကံဇာတ်  ဆရာ
အခကြေး  မပေး
ကခိုင်း   နေတော့
ငါ့  မျက်ရည်  တန်းဖိုး
ဘယ်သူ  နားလည်နေ မလဲ


သူစိမ်း  တစ်ယောက်ဖြစ်တဲ့ 
ငါ့.............ကို
 သူ တို့ တွေက
မျက်လုံး စိမ်းတွေ နဲ့ 
သူစိမ်း  တစ်ယောက်လို
ကြည့်နေလိုက်တာ
သြော်..........ငါဟာ သူတို့    အတွက့်
သူစိမ်း  တစ်ယောက်ပဲလေ............

အချို   ခပ့်ပါးပါး
သုတ်လိမ်း ထားတဲ့  အခါးသီး လိုပဲ
ကျီအာသီး  သဖွယ်
အရောင်အဆင်း လှပြီး
အတွင်း မလှတဲ့ 
တားမြစ် နယ်မြေ ထဲ
 နောက်များဆို   ခြေဦး မချမိစေဖို့ 
ငါ့  ရဲ့   ခြေထောက်တွေ
ရိုက်ချိုးထားလိုက်ပြီး

No comments:

Post a Comment