လက်ရှိ ထားခဲ့တဲ့ 
ချစ်သူ က
သူ ကလွဲရင် ဘယ်သူ့ ကိုမှ
စေ့စေ့ မကြည့်ရတဲ့ 
အခကြေးငွေ မဆောင်ပဲ
အသိတရား တစ်ခုလုံး
သူ အုပ်စိုး ထားတာ
ဘ၀ ဆိုတဲ့  ကမ္ဘာ ထဲတောင်
သူ ချုပ်ကိုင် နေခဲ့ပြီး
ဒါမျိုး မကြိုက်ဘူး
ဟိုလိုလေး နေပါ
ဒီ ပုံစံ မလိုက်ဘူး
ဒါမျိုးလေး ၀တ် ပါ။
နှုတ်ခမ်း နီ မဆိုးနဲ့ 
အလှမပြင် နဲ့ နော်
တွေ့ သူတိုင်း ကို မြင်တိုင် မပြုံးနဲ့ 
သူ့ အ တွက် မကျန်မှာ ဆိုးလှ လို့ တဲ့ ။
အိပ်စက်လို့  အိမ်မက် ရင်လဲ
သူ ကလွဲရင် ဘယ်သူမှ
အိမ်မက်ထဲ မပါစေ နဲ့ 
သူ့  နုတ်ခမ်း က အပြုံး ကလေး နဲ့ 
အမိန့်  မဆန်
ပါးပါး လေး သုံးပြီး
သူ.........ခိုင်းစေခဲ့တယ်။
တ စစ နဲ့ 
ချယ်လှယ်ခံ
သူ့  နွံထဲ ကျွံကျ
စိတ် တစ်ခုလုံး ချစ် မှိုင်း အတိုက် ခံ
သူ့  စိတ်ကြိုက် နေခဲ့ 
ပီတိ အပြည့် နဲ့  ကျေနပ် နေခဲ့တာ။
ဘယ်သူ တွေ
ဘယ်လို ပြောပြော
ဘာကိုမှ မသိချင် တော့ဘူး
လက်ရှိ " သူ "ဆို တဲ့ 
ချစ်သူ တာ
ရင်ဘတ်ထဲ အပြည့်
ရှိနေခဲ့သူပါ။
သူ့  စိတ်ကြိုက် မွန်းမံ
ဘောင်အကွတ်ခံ
နှလုံးသား ကို
ဘယ်သူ တိုက်စား လို့ 
ယိုင်လဲ အောင် ပြုစွမ်း နိုင်မလဲ
လူ ချင်းတာ နယ်ခြား နေတာ
အတွေး တွေ ထဲမှာ
သူ က......တန်းခိုးရှင်ပါ ။
No comments:
Post a Comment