"လေးစားရပါသော ရှမ်းတိုင်းရင်းသား ညီအစ်ကို မောင်နှမ များသို့"
ဒီဇိုင်နာ Nyein Koသည် ရှမ်းရိုးရာထဘီကို ဒီဇိုင်းထွင်ကာ ရှမ်းရိုးရာယဉ်ကျေးမှုနှင့် မလျော်ညီသောအင်္ကျီနှင့်တွက်ဖက်၍ အောက်ပုံပါအတိုင်း မော်ဒယ်များကို သရုပ်ပြ ဝတ်ဆင်ထားစေ ခဲ့ပါသည် ။
ထိုမော်ဒယ်များကို ထိုကဲ့သို့ ဝတ်ဆင်စေပြီး Miss Universe Myanmar 2015/2016 ပြိုင်ပွဲတွင် "စည်းလုံးခြင်း"တေး ဖြင့် သရုပ်ဖော်ပြသွားစေပါသည် ။
ထိုကဲ့သို့ ဖော်ပြသွားခြင်းသည် ဒီဇိုင်နာအတွက် သာမန်လုပ်ရိုး လုပ်စဉ် ကိစ္စများဖြစ်နိုင်သော်လည်း ရှမ်းတိုင်းရင်းသားများဖက်က ကြည့်လျှင် ရှမ်းတို့၏ဝတ်စားဆင်ယင်မှုရိုးရာဓလေ့ကို နေရင်းထိုင် ရင်း ဖျက်ဆီးခံရသကဲ့သို့ ခံစားရပါသည် ။
ဒီဇိုင်နာ Nyein Koသည် ရှမ်းတိုင်းရင်းတို့၏ ရိုးရာဝတ်စား ဆင်ယင်မှုကို သေချာလေ့လာ ခြင်း မရှိဘဲ ရှမ်းရိုးရာအဆင်ကို မြင်ရုံမျှနှင့် ဤကဲ့သို့ မအပ်မစပ်သောဒီဇိုင်းကို တီထွင်ခဲ့ရာ ရှမ်း တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှုပုံရိပ်ကို ထိခိုက်လာ စေပါသည် ။
သို့ပါ၍ ၂၀၁၅ခုနှစ် /10လပိုင်း/ ၁၁ရက် တနင်္ဂနွေနေ့(ယနေ့နံနက်မှ စ၍ )တွင် ရှမ်းတိုင်းရင်းသား လူငယ် များမှ ဒီဇိုင်နာNyein Ko၏ ရှမ်းရိုးရာ ထဘီအဆင်ပါဝတ်စုံ အ ပေါ် ကန့်ကွက်ကြောင်း လက် မှတ်များ ထိုးသွားမည်ဖြစ်ပါသည် ။
ထိုကန့်ကွက်လက်မှတ်များကို ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီနှင့် မြို့နယ်အသီးသီးရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းများသို့ ပေးပို့ကာ ဒီဇိုင်နာ Nyein Ko၏ ဖန်တီးမှု အပေါ်တွင် ရှမ်းပညာရှင်များမှ သဘောထားမှတ်ချက် ထုတ်ပြန်ပေးနိုင်ကြပါရန် တိုင်တန်းသွားမည် ဖြစ်ပါသည် ။
ထိုကန့်ကွက်လက်မှတ်များကို ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီနှင့် မြို့နယ်အသီးသီးရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းများသို့ ပေးပို့ကာ ဒီဇိုင်နာ Nyein Ko၏ ဖန်တီးမှု အပေါ်တွင် ရှမ်းပညာရှင်များမှ သဘောထားမှတ်ချက် ထုတ်ပြန်ပေးနိုင်ကြပါရန် တိုင်တန်းသွားမည် ဖြစ်ပါသည် ။
သို့ပါ၍ ကန့်ကွက်လက်မှတ်ရေးထိုးလိုကြသည့် ရှမ်းရိုးရာ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားကြသော ရှမ်းတိုင်းရင်းသား များမှာ မိမိတို့ Emailလိပ်စာမျာကို Shan Fashion Chatboxတွင် ပေးပို့ကာ ကန့်ကွက်လွှာများ တောင်းယူ နိုင်ပါသည် ။
ထိုကန့်ကွက်လွှာများကို လက်မှတ်ရေးထိုးပြီးပါက Shan Fashion Chatbox ထံသို့လည်းကောင်း၊ comment တွင်လည်းကောင်း သို့မဟုတ် မိမိတို့ မြို့နယ်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးများထံသို့လည်းကောင်း ၁၃ရက် ၁၀လပိုင်း ၂၀၁၅ခုနှစ် အင်္ဂါနေ့တွင် နောက်ဆုံးထား၍ တိုက်ရိုက် ပေးပို့နိုင်ကြပါရန် လေးစားစွာ တိုက်တွန်း နိုးဆော်အပ်ပါသည် ။
Thank you .
- Shan Fashion -
- Shan Fashion -
No comments:
Post a Comment