Wednesday, December 9, 2015

ရှမ်းလူမျိုးတို့ရဲ့ရိုးရာဝတ်စုံဝတ်စားဆင်ယင်မှု့အကြောင်း တစေ့တစောင်း






ရှမ်းလူမျိုးတို့ရဲ့ရိုးရာဝတ်စုံဝတ်စားဆင်ယင်မှု့အကြောင်း တစေ့တစောင်း
Shan FashionPage ကနေပြီး နေရာဒေသအသီးသီးမှာနေထိုင်တဲ့ Tai ခေါ် ရှမ်းလူမျိုးတွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့သမိုင်းများကို မျှဝေပေးနေကြပါ။ဒီတစိခါတော့ လွဲမှားနေမှု့များနဲ့တီထွင်မှု့လွန်ကဲနေမှု့များကို ဆွေးနွေးကြည့်ပါမယ်။ ရှေးခေတ်ကတည်းက ထိန်းသိမ်းဝတ်ဆင်တဲ့ ရိုးရာဝတ်စုံဟာ ယဉ်ကျေးမှု့အဆင့်အတန်းကို ပြသပြီး အမျိုးဂုဏ် ဇာတိဂုဏ်ကို မြင့်တင်ပေးပါတယ်။
ကိုယ့်လူမျိုးအသိုင်းအဝိုင်းထဲမှာပဲနေထိုင်တဲ့ သူတွေဟာ မိမိတို့ငယ်စဉ်ကတည်းက ဝတ်ဆင်လာတဲ့ဝတ်စုံကို မှားယွင်းစွာဝတ်ဆင်မှာမဟုတ်ပေမဲ့ ဒီတိုင်းပဲအမြဲတန်းဝတ်ရတာရိုးလာပြီဆိုပြီး ထွင်ကြကွန့်ကြပါတယ်။
ရိုးရာ ဝတ်စုံကိုပိုကွန့်ပြီးတီထွင်တာ သူ့အတိုင်းအတာနဲ့သူရှိပြီး အလွန်သတိရှိရပါတယ်။ ရိုးရိုးလေးနဲ့ဝတ်လိုက်တာနဲ့ သိရိကျက်သရေရှိရမဲ့ဝတ်စုံတွေကို လှချင်ပချင် ဖော်ချင်ပြချင်တာနဲ့ပဲ လွန်ကဲစွာထွင်လွန်းတော့ ကြည့်ရအလွန်းဆိုးပြီး ရိုးရာဖျက်ရာ ရောက်သွားပါတယ်။
နောက်တစ်ခုက ရှမ်းဝတ်စုံလေးတွေလှတယ် ရှမ်းဝတ်စုံလေး ဝတ်မယ်ဆိုပြီး ကိုယ်မသိ နားမလည်တဲ့ဝတ်စုံအကြောင်း မလေ့လာပဲဝတ်တာပါ။ ရိုးရာဝတ်စုံတစ်ခုကို ဝတ်ရင် ကိုယ်ဟာ အဲဒီလူမျိုးတစ်ခုလုံးကို ကိုယ်စားပြုနေတယ်ဆိုတာ သတိထားရပါမယ်။ ရိုးရာဝတ်စုံဆိုတာ သူ့သမိုင်းနဲ့သူ ရှိပြီးဖြစ်သလို ဝတ်ဆငိရတဲ့အကြောင်းရင်းရှိပါတယ်။ ရှမ်းခေါင်းပေါင်းဆိုတာ အလှစွပ်တာ မဟုတ်ပါဘူး ။ ခေါင်းပေါ်ကဆံပင်တွေကိုစုစည်းထုပ်ပေါင်းထားတာပါ။ ခေါင်းပေါင်းစွပ်ပြီး ဆံပင်ချရတဲ့ထုံးစံမရှိပါဘူး ။
ဘာ Tai လူမျိုးလဲဆိုတာ
ခေါင်းပေါင်းပေါင်းတဲ့ပုံစံကို ကြည့်ပြီး ခွဲခြားနိုင်ပါတယ်။
ထမိန်ဆင်ကိုကြည့်ပြီး ခွဲခြားနိုင်ပါတယ်။ ဒီလို နည်းစနစ်ကြီးမားစွာနဲ့စည်းကမ်းတကျရှိလာရတဲ့ ရိုးရာ ဝတ်စုံကို မဖျက်စီးပါကြပါနဲ့လို့မေတ္တာ ရပ်ခံပါရစေ။
ရိုးရာဝတ်စုံနဲ့ပတ်သက်
ဝင်ရောက်ဆွေးနွေးလိုသူများကိုလည်း နွေးထွေးစွာ ကြိုဆိုပါတယ် ။
Photos credit to original photographers .
Thank You
-Shan Fashion-

ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ


No comments:

Post a Comment