အေးစက်စက် ည ရဲ့ ကောင်ကင်အောက်မှာ
လရောင် ရဲ့ ထုဆစ်ခြင်း ခံရတဲ့
နတ်သမီးလေး ...
ငါ့ ရဲ့
ကဗျာ ကောက်တဲ့လက်နဲ့
ပွေ့ဖက်ခြင်း
ကလောင်တစ်ချောင်းဖြင့်
နမ်းရှိုက်ခြင်း ကို အလူးအလဲ ခံခဲ့ရ ...
အဆွေးသက်သက် ချစ်နေပေမဲ့
ကာရံမဲ့ ငိုညည်းသံက
ငါ့နောက်ကျော လက်တကမ်းမှာ
ပုန်းကွယ်လို့နေ ...
ကြယ်ဆိုတာ ကြွေဖို့တဲ့လား
အတ္တဆန်တဲ့ ငွေရောင်လမင်း
ဖျစ်ညှစ်ပြီး တောက်ပပြ မနေနဲ့
အလွမ်းတွေက ရင်ထဲအပြည့် ...
ဟောဒီ ....ရင်ချိင့်ထဲမှာ
ကြယ်တွေ ကြွေသံ
တဖြုတ်ဖြုတ်နဲ့
မင်းကြားရဲ့လား
..... ချစ်သူ ။ ။
No comments:
Post a Comment