Saturday, September 3, 2016

iPhone ပုံစံတူဒီဇိုင်းနဲ့ တန်ဖိုးသင့်စမတ်ဖုန်း One A9S ကို HTC ထုတ်ဖော်




 HTC ရဲ့ မထွက်ရှိခင်ကတည်းက ကောလာဟလသတင်းတွေထွက်ပေါ်နေတဲ့ One A9 ဖုန်းဗားရှင်းသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ iPhone နဲ့ ပုံစံတူညီတဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းကို ပြီးခဲ့တဲ့ နှစ်လောက်ကတည်းကရင်း ထွက်ရှိဖို့အတွက် သတင်းတွေ ပြေးနေခဲ့တာပါ။

iPhone ရဲ့ ဒီဇိုင်းကို ယူပြီး တည်ဆောက်ထားတာနဲ့အညီ ယခင်ဖုန်းတွေလို ကျောဘက်ကင်မရာကို အလယ်ဘက်မှာ မထားတော့ပဲ ဖုန်းရဲ့ဘယ်ဘက်အခြမ်းမှာ ထားရှိခဲ့တာကြောင့် A9S ဟာ iPhone 6 နဲ့ ပိုမိုဆင်တူသွားခဲ့ပါတယ်။ အဲ့ဒီအပြင် ယခင်ဖုန်းတွေလို မျက်နှာပြင်ဘက်အခြမ်းမှာ HTC Logo ကိုမထည့်သွင်းတော့ပဲ Fingerprint ဆင်ဆာစနစ်ပါဝင်တဲ့ Home Button တစ်ခု အစားထိုးဝင်ရောက် လာခဲ့ပါတယ်။


One A9S ဟာ မျက်နှာပြင်အကျယ် ၅လက်မအရွယ် 720P LCD မျက်နှာပြင်ဖြစ်ပြီး MediaTek Helio P10 processor ကိုအသုံးပြုထားတာပါ။ RAM ကို 2GB နဲ့ 3GB ဆိုပြီး နှစ်မျိုးရရှိနိုင်တာဖြစ်ပြီး ဘက်ထရီ ပမာဏအနေနဲ့ ကတော့ 2300mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။

“သဘာဝပုံစံအတိုင်း ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့အတိပြီးတဲ့ ပုံစံတည်ဆောက်ထားပါတယ်” လို့ HTC ကဆိုခဲ့ပါတယ်။ ကံမကောင်းတာတစ်ခုက ကုမ္ပဏီဟာ ဖုန်းအတွက် ဈေးနှုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာကို ထုတ်ပြန်ခဲ့ခြင်းမရှိပဲ A9S အနေနဲ့ ဒေါ်လာ ၅၀၀တန် A9 စမတ်ဖုန်းထက်တော့ ဈေးနှုန်းလျော့နည်းဖွယ်ရှိနေပါတယ်။


ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

IFA 2016 ပွဲတွင် အလတ်တန်းစားဖုန်းအသစ်များဖြစ်သည့် Nova နှင့် Nova Plus တို့ ကို Huawei ဖြန့်ချိ



IFA 2016 ဟာ အခုဆိုဟန်ချက်ညီနေပြီး အခုဆို Huawei ကို စင်တင်ရမယ့် အလှည့်နဲ့ ကြုံလာပါပြီ။  ပြီးခဲ့တဲ့ နှစ်များက တရုတ်ကုမ္ပဏီဟာ IFA ပွဲမှာ Mate စီးရီး ဖုန်းတွေကို ဖြန့် ချိခဲ့ပါတယ်။ ဒီတော့ ဒီနှစ်မှာလည်း  Mate S ရဲ့ အဆက်ဖြစ်တဲ့ ဖုန်းတွေကို တွေ့ မြင်ရဖို့ မျှော်လင့်ထားကြတာပါ။ အဲဒီအစား Huawei ဟာ Nova နဲ့  Nova Plus ဖုန်းအသစ်နှစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

နာမည်က အသစ်ဖြစ်နေသလို Nova နဲ့ Nova Plus ဟာ ရှိရင်းစွဲ Huawei ဖုန်းတွေကို တကျော့ပြန်ပြီး ထုတ်လုပ်တာနဲ့ ပိုပြီးတူနေတယ်လို့ ခံစားရပါတယ်။ ၅ လက်မ ရှိတဲ့ Nova ဟာ ထွက်ရှိပြီးသား Nexus 6P နဲ့  အတော်လေး တူပြီး မျက်နှာပြင် ၅.၅ လက်မ Nova Plus ကတော့ Mate စီးရီးများကနေ ပွားယူထားတာပါ။ ရလဒ် အနေနဲ့  ဒီဖုန်းနှစ်လုံးဟာ နာမည်ပိုင်းဆင်တူပေမယ့် အတော်လေး ကွဲပြားပါတယ်။


ရင်းနှီးပြီးသား အသွင်ဒီဇိုင်းဟာ သိပ်တော့ မဆိုးပါဘူး။ Nova နဲ့ Nova Plus ကို 2.5D မှန်ပြင် နဲ့  သန့် ရှင်း တဲ့ ဘေးလိုင်းပါတဲ့ အလူမီနီယံကိုယ်ထည်နဲ့ ဖွဲ့ စည်းထားပြီး လူတော်တော်များများ နှစ်သက်အောင် ဆွဲဆောင်နိုင်မှာပါ။

Nova နဲ့ Nova Plus တို့ ကို ယခုနှစ် ရာသီ အလတ်တန်းစား စမတ်ဖုန်းတွေအတွက် နာမည်ကျော် ရွေးချယ်မှု ဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 625 processor နဲ့ မောင်းနှင်ပါတယ်။ RAM ပိုင်းမှာ 3GB နဲ့ build-in storage အနေနဲ့ ပါလာတဲ့ 32 GB အပြင် 3020 mAh နဲ့ 3340 mAh ဘက်ထရီများ လည်း ပါရှိပါတယ်။ ဒီဘက်ထရီတွေဟာ ဘက်စုံသုံးအတွက် နှစ်ရက်လောက်အထိ ကောင်းကောင်းသုံးခံတယ် လို့  Huawei ရဲ့ ကိုယ်စားလှယ်တွေမှ ဆိုပါတယ်။

Nova ဖုန်းမှာတော့ အလိုအလျောက်ချိန်နိုင်တဲ့ phase-detection autofocus နဲ့ အတူ 12MP sensor တစ်ခု ပါပြီး Nova Plus မှာတော့ 16MP အထိ မြှင့်တင်ပြီး အမြင်ပိုင်းပုံရိပ်အငြိမ် စနစ်တစ်ခုလည်း ပါရှိထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ ရှေ့ ခြမ်းကင်မရာ အဖြစ် 8MP ပါရှိပြီး camera app ထဲမှာ Huawei ရဲ့ အလှ အပတန်ဆာဆင်ထားတဲ့ modes တွေလည်း ထည့်ရှိထားပါတယ်။



ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

Sunday, July 31, 2016

“Evolution of the iPhone”




ဆယ်စုနှစ်တစ်ခုစာအချိန်ကိုရောက်လာတဲ့အချိန်မှာနည်းပညာလောက အတွက်ပြောင်းလဲခြင်းများစွာဖြစ်လာခဲ့ပါပြီ။ဒီလိုပြောင်းလဲမှုအားလုံးထဲမှာ တိုးတက်ထွန်းကားမှုအရှိဆုံးကတော့မိုဘိုင်းဖုန်းနည်းပညာတွေပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ (၈)နှစ်ကိုပြန်ငဲ့ကြည့်လိုက်မယ်ဆိုရင်ယနေ့ခေတ်သုံးနေတဲ့ဖုန်း တွေနဲ့ ကွာဟချက်အရမ်းများလွန်းလှတဲ့လက်ကိုင်ဖုန်းတွေကို မြင်တွေ့ ရမှာဖြစ်ပါတယ်။လက်ကိုင်ဖုန်းသီးသန့်လောက်သာအသုံးပြုလို့ရတဲ့ဖုန်းတွေ ရဲ့ကစားပွဲထဲကိုပြောင်းလဲခြင်းများစွာယူဆောင်လာမယ့်ဖုန်းတစ်လုံး ဈေးကွက်ထဲကိုရောက်ရှိလာခဲ့ပါတယ်။ ပြောင်းလဲခြင်း များစွာပါဝင်လာမယ့် ဖုန်းကို၂၀၀၇ခုနှစ်ရဲ့ဇွန်လကုန်လောက်မှာကမ္ဘာအနှံ့မှာရှိတဲ့မိုဘိုင်းဖုန်း သုံးစွဲသူတွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။၂၀၀၇ခုနှစ်ကာလမှာထွက်ခဲ့တဲ့စမတ်ဖုန်းတွေကိုကြည့်လိုက်မယ်ဆိုရင်ကီးဘုတ် အသုံးပြုဖုန်းတွေသာများပြားနေပါတယ်။ ဈေးနှုန်းအရကြည့်လိုက်မယ်ဆိုရင်သက်သာတယ်ဆိုပေမယ့်အမှန် တကယ်အသုံးတည့်မှုပိုင်းမှာတော့မိုဘိုင်းကွန်ရက်ချိတ်ဆက်မှုအပိုင်းနဲ့ စာသားမက်ဆေ့ခ်ျပေးပို့မှုအပိုင်းအတွက်သာဦးစားပေးထားပါသေးတယ်။ နည်းပညာလောကကိုအရှိန်အဟုန်နဲ့ပြောင်းလဲသွားနိုင်စေဖို့အတွက်apple ရဲ့ခေါင်းကိုင်ဖခင်ကြီးစတိဂျော့လက်ထဲက၃လက်မခွဲသာသာရှိတဲ့မိုဘိုင်းဖုန်းလေးကစခဲ့တယ်လို့ဆိုနိုင်ပါတယ်။အိတ်ဆောင် မိုဘိုင်းဖုန်းတစ်လုံးဟာ လုပ်ဆောင်ချက်တွေဘယ်လောက်များလိုအပ်မှာလဲဆိုတဲ့ ဝေဖန်သံတွေ ကြားထဲမှာပဲကမ္ဘာ့အနှံ့ရောင်းအားအကောင်းဆုံးစံချိန်ကိုရရှိခဲ့ပါတယ်။ သူစတင်ထွက်ရှိလာချိန်တုန်းကလက်ကိုင်ဖုန်းလောကမှာနိုကီယာရဲ့ဖုန်း တွေကဘုရင်တစ်ဆူလိုမင်းမူနေချိန်လည်းဖြစ်ပါ တယ်။
ပထမဆုံးစထွက်လာတဲ့ဖုန်းကို4GB - $499နဲ့8GB - $599 နဲ့ရောင်းချခဲ့ပြီး အဲအချိန်မှာရောင်းနေတဲ့ဖုန်းတွေထက်၃ဆနီးပါး လောက်ပိုများပါတယ်။ စတင်ရောင်းချစဉ်အချိန်ဖြစ်တဲ့ရာနဲ့ချီသည့်ဝယ်သူတွေဟာအရောင်းဆိုင်ရဲ့အပြင်ဘက်မှာဝယ်ယူဖို့အတွက်စောင့်ဆိုင်း နေ ခဲ့ကြရပါတယ်။ အကောင်းဆုံး ဖုန်းအဖြစ်သတ်မှတ်မှုဆိုတာထက်၂၀၀၇ခုနှစ်ရဲ့မီဒီယာတွေထက်မှာOriginal iPhone ကိုသတ်မှတ်ပေးလိုက်တဲ့နာမည်ကတော့'Jesus Phone'ပါတဲ့။ တစ်နှစ်ထက်တစ်နှစ်ပိုကောင်းအောင်ပြုလုပ်လာခဲ့တဲ့apple ဟာ၂၀၁၄ မှာ တော့သူတို့ရဲ့မိုဘိုင်းဖုန်းထုတ်လုပ်မှုဒီဇိုင်းပုံစံကိုပါပြောင်းလဲလိုက်ပါတယ်။ ပိုကြီးမားတဲ့မျက်နှာပြင်နဲ့အတူသုံးစွဲသူတွေကိုအလုံးစုံဆွဲဆောင်နိုင်စေဖို့ပြု လုပ်ပေးလိုက်တာဖြစ်ပါတယ်။အခုနောက်ဆုံးထွက်ဖုန်းမှာဆိုရင်တော့ကမ္ဘာ့အရပ်ရပ်မှာရှိတဲ့iPhone သုံးစွဲချင်တဲ့သူတွေအတွက်နောက်ထပ်စိတ်ဝင်စား စရာကောင်းတဲ့ Plan ကတစ်လလျှင်၃၂ ဒေါ်လာ ပေးရတာဖြစ်ပြီး နှစ်တိုင်း iPhone အဟောင်းကိုပေးပြီးအသစ်နဲ့လဲလှယ်နိုင်ပါတယ်။Apple Care+ Warranty ကိုလည်းခံစားရမှာပါ။တစ်နှစ်မှာမိုဘိုင်း မော်ဒယ်တစ်မျိုးကိုသာ ထုတ်ပြခဲ့တဲ့Apple အနေနဲ့ဒီနေ့မှာဆိုရင်မျိုးဆက်၉ခုတောင်ရှိခဲ့ပါပြီ။ ဘာကြောင့်လဲဆိုရင်5Sမိတ်ဆက်တုန်းကbudget ဖုန်းအဖြစ်သတ်မှတ် နိုင်မယ့်iPhone 5C ကိုပါမိတ်ဆက်ခဲ့တာကြောင့်ဖြစ်ပါတယ်။အဆက်ဆက် ပြောင်းလဲလာမှုတွေထဲမှာ appleအနေနဲ့ဘာတွေပိုင်ဆိုင်ခဲ့သလဲဆိုရင်တော့ ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေကိုတဖြည်းဖြည်းပိုင်ဆိုင်လာတာပါ။အခုApple ရဲ့မျိုးဆက်တောက်လျှောက်ဖြတ်သန်းမှုတွေကို လေ့လာကြည့်ရအောင် . . .
<Timeline>
<iPhone (1st Generation)>
မိုဘိုင်းဖုန်းတွေရဲ့ဒီဇိုင်းပိုင်းပြောင်းလဲမှုကိုထိုးဖောက်လိုက်သည့်စမတ်ဖုန်း ဖြစ်တဲ့ပထမဆုံးiPhoneဟာရုတ်တရက်ကြည့် လိုက်မယ်ဆိုရင်iPod Touch နဲ့ဆင်တူပါတယ်။ပထမဆုံးထွက်လာတဲ့ဖုန်းဟာ3G ကွန်ရက်ကိုမရရှိနိုင် သေးပါဘူး။Touch screen အသုံးပြုနိုင်မယ့်ဖုန်းဖြစ်ပြီးအခြားသောကီးဘုတ် တစ်ဝက်နဲ့ဖုန်းတွေကြားထဲမှာတော့ဆန်းသစ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။အချက် အလက်သိုလှောင်စွမ်းကလည်း4GBအနေနဲ့သာဖြစ်ပါသေးတယ်။ နောက်ပိုင်း မှာတော့8GB/16GBတို့ကိုပါထပ်မံထုတ်လုပ်ပေးခဲ့ပါတယ်။ ရောင်းချမှုအပိုင်း မှာလည်6း.1မီလီယမ်လောက်ထိရှိခဲ့ပါတယ်။မျက်နှာပြင်ဟာ၃.၅လက်မနဲ့ဖြစ်ပြီ3း20 × 480p အရည်အသွေးရှိမှာဖြစ်ပါတယ်။ကင်မရာတပ်ဆင်ပေးထား မှုအပိုင်းမှာတော့ 2.0MPတပ်ဆင်ပေးထားပါတယ်။ပရိုဆက်ဆာကိုတော့ လက်ရှိအချိန်မှာမိုဘိုင်းဖုန်းတွေနဲ့ပတ်သက်လို့ပြိုင်ဘက်အဖြစ်ရှိနေတဲ့ Samsung ဆီက၀ယ်သုံးခဲ့တာဖြစ်ပါတယ်။
<iPhone OS 1>
ပထမဆုံးထွက်လာတဲ့iPhoneနဲ့အတူပါဝင်လာခဲ့တာဖြစ်ပြီးOS တစ်ခုရဲ့ အနှစ်သာရတွေကိုရရှိခံစားနိုင်မှာပါ။Touch ပေါ်မှာသုံးနိုင်မယ့်မိုဘိုင်း ပလက်ဖောင်းတစ်ခုဖြစ်ပြီးiPhone OS လို့အမည်သတ်မှတ်ပေးထားပါတယ်။ ဆောဖ့်ဝဲနဲ့ပတ်သက်လို့SDK ကိုတော့မတ်လ၂၀၀၈မှာထုတ်ပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့Mac တွေ မှာသုံးနေတဲ့OSပုံစံဒီဇိုင်းလိုမျိုးပါ။
<iPhone 3G>
သူ့အရှေ့မှာထွက်ခဲ့တဲ့ဖုန်းထက်ဒီဇိုင်းပိုင်းဆိုင်ရာမှာပိုမိုကောင်းမွန်လာတဲ့ iPhone အသစ်ကိုဇွန်(၉)ရက်နေ့မှာထုတ်ဖော်ပြသခဲ့ပြီးသုံးစွဲသူတွေ လက်ထဲ ကို၂၀၀၈ခုနှစ်ဇူလိုင်မှာရောက်ရှိစေခဲ့ပါတယ်။အချက်အလက်သိုလှောင်သိမ်းဆည်းနိုင်မှုအတွက်တော့ 8GB နဲ့16GB နှစ်မျိုးကိုပေးအပ်ထားပါတယ်။ သူ့မှာအသစ်ပါဝင်တဲ့hardwareလုပ်ဆောင်ချက်တွေအနေနဲ့ကတော့3G မိုဘိုင်းကွန်ရက်မှာချိတ်ဆက်သုံးစွဲနိုင်စွမ်းနဲ့GPS လုပ်ဆောင်ချက်တို့ပဲ ဖြစ်ပါတယ်။ပရိုဆက်ဆာပိုင်းမှာတော့Samsung ရဲ့32-bit RISC RAM ကိုသုံးထားပါတယ်။အရောင်အမျိုးအစားဖြင့်အဖြူနဲ့အနက်ရောင်ဆိုပြီး ထုတ်လုပ်ထားကာခြွင်းချက်အနေနဲ့8GBမှာတော့အဖြူရောင်ကိုမရနိုင်ပါဘူး။
<iPhone OS 2>
အသစ်ထွက်လာတဲ့iPhone နဲ့အတူပါဝင်လာတာကတော့apple ရဲ့ဒုတိယ မျိုးဆက် OS လို့ဆိုနိုင်တဲ့apple OS 2ပဲဖြစ်ပါတယ်။ထွက်ရှိချိန်တစ်နှစ် လောက်ကြာခဲ့တဲ့အချိန်အတွင်းမှာapple အနေနဲ့သူတို့ရဲ့ OSသစ်ကို အဆင့်မြှင့်တင်မှုတွေပြုလုပ်လာနိုင်ခဲ့ပါတယ်။ဒါကတော့third-party app တွေကို ဒေါင်းလုပ်စ်ပြုလုပ်နိုင်စေဖို့အတွက်app store ကိုထည့်သွင်း ပေးထားပါပြီ။ နောက်ထပ်ပါဝင်လာမှုတွေကတော့apple ရဲ့မိုဘိုင်းဖုန်း တွေအတွက်အသုံးပြုနိုင်မယ့်ရှာဖွေရေးအင်ဂျင်Safari ပဲဖြစ်ပါတယ်။ ဒုတိယမျိုးဆက်iPhone OS ဟာiPod Touch တွေမှာပါအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။သူ့ရဲ့ဗားရှင်းတိုးမြှင့်မှုကိုတော့၂.၂.၁အထိအဆင့်မြှင့်တင်သွားခဲ့ပါ တယ်။ ပြည့်စုံတဲ့OSတစ်ခုလို့မဆိုနိုင်သေးပေမယ့်iPhone သုံးတဲ့သူတွေကို နောင်နှစ်များစွာအထိဆွဲဆောင်သွားတော့မယ့်UIဒီဇိုင်းကိုစတင်မြင်တွေ့ခဲ့ရပါတယ်။
<iPhone 3GS>
တတိယမျိုးဆက်အိုင်ဖုန်းအသစ်ကိုတော့ဇွန်၈ရက်မှာထုတ်ဖော်ပြသခဲ့ပြီးတစ်ပတ်ကျော်ကြာပြီးတဲ့နောက်ဇွန်၁၉ရက်နေ့မှာ သုံးစွဲသူတွေလက်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ဘယ်လိုထူးခြားချက်တွေပါလဲဆိုတာထက်UI အပြင်အဆင်ကအစအလုံးစုံပြောင်းလဲလာခဲ့ပါပြီ။ဖုန်းရဲ့သွက်လက်မြန်ဆန်မှုအပိုင်းမှာတော့သူ့အရင်ထွက်သွားတဲ့ဖုန်း ထက်၂ဆနီးပါးလောက်ပိုမိုမြန်ဆန်လာပါတယ်။ကင်မရာပိုင်းအတွက်ဆိုရင်လည်းresolution ပိုမိုမြင့်မားတဲ့ 3MPကင်မရာကိုတပ်ဆင်ပေးထားပါတယ်။
<iPhone 5>
၂၀၁၂စက်တင်ဘာ၁၂ရက်နေ့မှာတရားဝင်ထုတ်ပြခဲ့ပြီး၂၁ရက်နေ့မှာနိုင်ငံ တကာ ဈေးကွက်ကိုထုတ်ပြခဲ့တဲ့5ဟာiPhone ရဲ့အရင်ထွက်ခဲ့တဲ့ ဗားရှင်း တွေမှာပါဝင်နေကြဖြစ်တဲ့၃.၅လက်မကိုပါပြောင်းလဲပစ်လိုက်ပါတော့တယ်။ မျက်နှာပြင်ဟာ4.0(640x1136)p ဖော်ပြမှုနဲ့စတင်ခံစားရမှာဖြစ်ပါတယ်။ apple A6 ဖြစ်တဲ့1.3GHzအမြန်နှုန်းရရှိစေမယ့်dual-coreပရိုဆက်ဆာကို သုံးစွဲထားပါတယ်။RAMကလည်းအရင် 512MB ကနေ1GB LPDDR2 ထိ အဆင့်တိုးမြှင့်လိုက်ပါတယ်။ကင်မရာဟာ1080pဗီဒီယိုတွေကိုရိုက်ကူးလာနိုင်ပါပြီ။
<iPhone 5s>
၂၀၁၃စက်တင်ဘာမှာiPhone နှစ်သက်သူတွေအတွက်ထုတ်လိုက်တဲ့ ဖုန်းဖြစ်ပြီးအရင်ထွက်ထားတဲ့iPhone 5နဲ့ဒီဇိုင်းပိုင်းမှာ အတော်လေး ဆင်တူ ပါတယ်။5နဲ့တင်တူတယ်ဆိုတာကမျက်နှာပြင်ပြောင်းလဲမှုမရှိသေးတာနဲ့ အခြားအထားအသိုတွေပါ။ပုံစံကတော့လုံးဝကွဲလွဲသွားပါပြီ။Appleရဲ့64bit A7 ပရိုဆက်ဆာကိုစတင်သုံးလာရတဲ့အပြင်M7 motion coprocessor ပါ ထပ်ပေါင်းထည့်ပေးထားပါသေးတယ်။အခြားဖုန်းတွေမှာလက်ဗွေဖတ်စနစ် တွေခေတ်စားလာနေတဲ့အချိန်ဖြစ်ပေမယ့် အားလုံးသောပြိုင်ဆိုင်သူတွေဟာHome button မှာထည့်သွင်းပေးထားတဲ့Touch ID ကိုတွေ့မြင်ပြီး နောက်မှာတော့လုံးဝလက်မြှောက်အရှုံးပေးလိုက်ရပါတော့တယ်။လက်ဗွေ စနစ်ဟာအရမ်းသွက်လက်မြန်ဆန်လွန်းပြီး ဒေတာတွေကိုမှတ်မိသိရှိနိုင်စွမ်း ပိုင်းကလည်းအတော်ကြီးကောင်းမွန်လှပါတယ်။
<iOS 6>
Apple ရဲ့နှစ်စဉ်ကျင်းပလျက်ရှိတဲ့ပွဲတွေထဲကWWDC 2012 မှာiOS 6 Preview ကိုပြသသွားခဲ့ပါတယ်။ ပြောင်းလဲမှုတိုင်းမှာအမြဲဆန်းသစ်လျက် ရှိတဲ့iOS 6မှာတော့facebook သုံးစွဲနိုင်မှုနဲ့အတူPassbook ကိုပါ သုံးစွဲလို့ ရနိုင်ပြီဖြစ်ပါတယ်။အစောပိုင်းတုန်းကသုံးလာခဲ့တဲ့လမ်းညွှန်မြေပုံဖြစ်တဲ့ Google Map ကိုအသုံးမပြုတော့ဘဲနဲ့Apple ရဲ့ကိုယ်ပိုင်Map ကိုစတင် ထည့်သွင်းလာခဲ့ပါတယ်။apple mapမှာစတင်ထည့်သွင်းသုံးစွဲမှုအခြေအနေ သာရှိသေးတာကြောင့်လိုအပ်မှုတွေရှိကြောင်း ဝေဖန်ခံခဲ့ရပါ သေးတယ်။ အဲဒီနှစ်စက်တင်ဘာမှာကျင်းပခဲ့တဲ့ဆန်ဖရန်စ္စစကိုပွဲမှာတော့iPhone 5 နဲ့ အတူiOS 6 ကိုတစ်ပါတည်းထည့်သွင်းပေးခဲ့ပါတယ်။
<iPhone 5c>
5C ဟာApple ရဲ့ငယ်ဘ၀ကိုပြန်ရောက်သွားသလိုခံစားရနိုင်မယ့်ဖုန်းတစ်လုံး လို့သတ်မှတ်နိုင်မယ့်အပြင်ဖက်ရှင်ကျကျကိုင်ချင်တဲ့ကောင်မလေးတွေ အတွက်အဆင်ပြေစေမယ့်ပုံစံလေးပါ။5s နဲ့တစ်ပြိုင်တည်း မိတ်ဆက်ခဲ့တာ ဖြစ်ပြီးbudget ဗားရှင်းဖုန်းဖြစ်တာကြောင့်အချို့လုပ်ဆောင်ချက်တွေ ကိုတော့သုံးစွဲနိုင်မှာမဟုတ်ပါဘူး။၎လက်မမျက်နှာပြင်နဲ့CPU ကိုတော့ 1.3GHz DualCore ကိုသုံးနိုင်မှာ ဖြစ်ပါတယ်။RAMကိုတော့ 1GB တပ်ဆင် ပေးထားပြီးအချက်အလက်သိုလှောင်နိုင်မှုအတွက်တော့16GB/32GBနဲ့အတူ 8GBကိုပါပြန်လည်ထုတ်လုပ်ပေးလိုက်ပါတယ်။
<iOS 7>
၂၀၁၃ဇွန်မှာမိတ်ဆက်ခဲ့တဲ့iOS 7ဟာအခြားသော လုပ်ဆောင်ချက်တွေ နဲ့အတူControl center လုပ်ဆောင်ချက်ကပိုကောင်းပါလိမ့်မယ်။ ၀ိုင်ဖိုင် ဆက်သွယ်မှုပိုင်းတွေပိုမိုမြန်ဆန်သွက်လက်လာမှာဖြစ်ပြီး app တွေကို စီမံခန့်ခွဲမှုအပိုင်းမှာလည်းစိတ်တိုင်းကျပြုလာနိုင်ပါပြီ။AirDrop လုပ်ဆောင်ချက်ဟာဝိုင်ဖိုင်လုပ်ဆောင်ချက်ကိုအသုံးပြုပြီးidevice အချင်း ချင်းကိုဖိုင်တွေဝေမျှနိုင်မှာဖြစ်ပါတယ်။Mac နဲ့ချိတ်ဆက်ပြီးတော့လည်း သုံးစွဲနိုင်ပါလိမ့်မယ်။
<iPhone OS 3>
အိုင်ဖုန်းအသစ်မိတ်ဆက်မှုနဲ့တစ်ပြိုင်နက်တည်းမှာပဲသူတို့ရဲ့တတိယ မျိုးဆက်apple OS 3 ကိုတစ်ပါတည်းထည့်သွင်းပေးလိုက်ပါတယ်။၂၀၁၀ ဖေဖော်ဝါရီ၂ရက်မှာဗားရှင်3း.1.3 ထိတိုးမြှင့်ပေးထားပါတယ်။ မျိုးဆက်သစ် မိုဘိုင်းOS ဖြစ်တဲ့အပြင်တဖြည်းဖြည်းတိုးတက်လာတဲ့နည်းပညာ ပြောင်းလဲမှု တွေရဲ့နောက်မှာတော့OS3 ဟာ UI အပြင်အဆင်ပိုင်းလှပမှုတွေ တင်မက တော့ဘဲcopy/paste လုပ်ဆောင်ချက်တွေကိုပါအသုံးပြုလို့ရလာနိုင်ပါတယ်။ နောက်ထပ်ပါဝင်လာတဲ့လုပ်ဆောင်ချက်ကတော့MMS အသုံးပြုနိုင်မှုပါ။ apple အနေနဲ့တောက်လျှောက်OS တွေထုတ်လာလိုက်တာversion 3.2 ရောက်တဲ့အချိန်မှသာiOSလို့စတင်အမည်သတ်မှတ်လိုက်တာဖြစ်ပါတယ်။
<iPhone 4>
အသွင်ကူးပြောင်းမှုတွေနဲ့တဖြည်းဖြည်းပြောင်းလဲလာမှုဟာiPhone 4မှာ တော့ကိုယ်ထည်တည်ဆောက်မှုပုံစံကိုပါလုံးဝပြောင်းလဲလိုက်ပါတော့တယ်။စတိန်းလက်စတီးကိုယ်ထည်ကအရမ်းကို ၀င့်ကြွားလှတဲ့ပုံစံ ပေါက်နေပါ တယ်။၂၀၁၀ဇွန်လမှာသုံးစွဲသူတွေလက်ထဲကိုဖြန့်ချိရောင်းချပေးခဲ့ပြီးအထူး ခြားဆုံးပြောင်းလဲမှုတစ်ခုကတော့facetime video chat ပြုလုပ်နိုင်စေဖို့ အတွက်စပီကာရဲ့ဘေးနားမှာ၊အရှေ့ဘက်ကင်မရာငယ်ကိုတပ်ဆင်ပေးလိုက်တာပဲဖြစ်ပါတယ်။အဓိကကင်မရာကိုလည်း 5MP အထိတိုးပေးလိုက်ပါတယ်။ မျက်နှာပြင် ဖော်ပြမှုပိုင်းမှာပိုကောင်းလာစေတဲ့Retina screen ကိုသုံးစွဲနိုင် မှာဖြစ်ပြီးပုံရိပ်ဖော်ပြမှုအတွက်640 × 960pixels ဖြစ်သွားကာ326ppi က ပုံရိပ်အသေးစိတ်ဖော်ပြနိုင်မှုအတွက်လုံးဝအထောက်အကူဖြစ်စေမှာပါ။
<iOS 5>
၂၀၁၁ခုနှစ်ဇွန်လ၆ရက်နေ့မှာPublic ဗားရှင်းအနေနဲ့ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။လုပ်ဆောင်ချက်အများစုကိုထပ်မံထည့်သွင်းပေးခဲ့ပြီးတော့ လူစိတ်ဝင်စားအခံရဆုံးကတော့apple ရဲ့iCloud ၀န်ဆောင်မှုကို စတင် သုံးစွဲလာရတာပဲဖြစ်ပါတယ်။ နောက်ထပ်လုပ်ဆောင်ချက်တွေ အနေနဲ့ Twitter ကိုဝင်ရောက်သုံးစွဲလာနိုင်မှု၊notification၊Newsstand တို့ကို သုံးစွဲလို့ရနိုင်တာပါ။လွတ်လပ်မှုတွေကိုစတင်အခံစားရဆုံးဗားရှင်းလို့ သတ်မှတ်နိုင်ပြီးiTunes ကိုPC နဲ့ချိတ်ဆက်စရာမလိုဘဲဖုန်းပေါ်မှာတင် သုံးစွဲလို့ရနိုင်သွားပါပြီ။
<iOS 4>
Appleအနေနဲ့အရှေ့ပိုင်းဖုန်းတွေတောက်လျှောက်မှာapple OS လို့ ခေါ်ဝေါ် လာရာကနေ3.2 မှာပြောင်းလဲလိုက်တဲ့iOSဆိုတဲ့နာမည်ကိုiOS 4 အဖြစ် တရားဝင်ပြောင်းလဲသုံးစွဲလိုက်ပါတယ်။iOSလို့အမည်သတ်မှတ်ချက်နဲ့အတူသူ့မှာထည့်သွင်းပေးထားတဲ့လုပ်ဆောင် ချက်တွေ ကတော့multitasking,wallpaper ကိုမိမိကြိုက်နှစ်သက်တဲ့ပုံစံပြောင်းလဲလာနိုင်စွမ်း၊ app တွေကိုfolder ပြုလုပ်ထားနိုင်ပြီးသုံးစွဲလို့ရနိုင်ပြီပဲဖြစ်ပါတယ်။ နောက်ထပ်လုပ်ဆောင်ချက် တစ်ခုကတော့အတော်လေးကိုအသုံးဝင်တယ်လို့ဆိုနိုင်မှာဖြစ်ပြီးbluetooth ကီးဘုတ်တွေနဲ့ချိတ်ဆက်သုံးစွဲနိုင်စွမ်းပဲဖြစ်ပါတယ်။iOS 4 ဟာဆင့်ကဲ တိုးတက်မှုအားလုံးရဲ့အစလို့ပြောရင်တောင်ပိုမှန်ပါလိမ့်မယ်။
<iPhone 4s>
အောက်တိုဘာ၎ရက်နေ့မှာတရားဝင်ကြေညာခဲ့ပြီး၂၀၁၁ အောက်တိုဘာ ၁၄ရက်နေ့မှာတော့အိုင်ဖုန်းချစ်သူတွေလက်ထဲကိုရောက်ရှိခဲ့ပါပြီ။မျိုးဆက် တစ်ခုထွက်လာတိုင်းအဆင့်တိုးမြှင့်မှုတွေထည့်သွင်းပေးလာခဲ့တဲ့အစဉ်အလာကိုAppleအနေနဲ့လုံးဝမဖျောက်ဖျက်ခဲ့ပါဘူး။ 4sဟာApple သုံးတဲ့သူတွေကို ပိုလို့တောင်သည်းသည်းလှုပ်ဖြစ်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုရင်hardware ပိုင်းဆိုင်ရာအကြီးမားဆုံးပြောင်းလဲမှုအဖြစ်Dual-Core ပရိုဆက်ဆာကို ထည့်သွင်းသုံးစွဲထားလို့ပါ။၂၀၁၁မှာစမတ်ဖုန်းသုံးစွဲမှုပိုမိုအဆင့်မြင့်လာသလို ပြိုင်ဘက်တွေလည်းပိုများလာပါတယ်။ဒါကြောင့်storage ပိုင်းကိုပါ ထပ်တိုး လိုက်ပြီး16GB/32GBနဲ့အတူ64GBဗားရှင်းကိုပါထုတ်လုပ်ပေးလိုက်ပါတယ်။ကင်မရာစမတ်ဖုန်းတွေမှာလုံးဝအရေးကြီး တဲ့အပိုင်းကနေပါဝင်လာပါပြီ။ ဒါကြောင့်နောက်ကျောဘက်ကင်မရာကိုဆိုနီရဲ့8Megapixel စွမ်းဆောင်မှု ထည့်သွင်းပေးလိုက်ပါတယ်။နှုတ်ဖြင့်စေခိုင်းမှုအတွက်ကတော့Siri လို့ခေါ်တဲ့ voice assistant ကိုစတင်အသုံးပြုလာနိုင်ပါပြီ။
<iphone 6/6 Plus>
iPhone အသစ်ကိုမြင်လိုက်တာနဲ့လုံးဝလက်ခံနိုင်လောက်တဲ့ဒီဇိုင်းကို တွေ့ရ မှာဖြစ်ပြီးသတ္တုကိုယ်ထည်ကိုဘေးဘက်အကွေးပုံစံလေးနဲ့ဖုန်းနှစ်မျိုးလုံးကိုထုတ်လုပ်ပေးထားပါတယ်။မျက်နှာပြင်က လည်း မြင်တွေ့ရတာပိုမိုစွမ်းအား ကောင်းလာမှာဖြစ်ပြီးRetina HD display ဖြစ်သွားတာကြောင့်မြင့်မားတဲ့ ဖော်ပြနိုင်စွမ်းကိုပေးစွမ်းမှာဖြစ်ပါတယ်။ဘက်ထရီသက်တမ်းလည်းပိုမိုတာ ရှည်ခံလာမှာဖြစ်ပြီးiphone 6ဟာဆက်တိုက်ပြောဆိုသုံးစွဲမှုတွေကို ၁၀နာရီ ကြာပြုလုပ်နိုင်မှာပါ။iPhone 6 Plus ကလည်းထိုနည်းလည်းကောင်းပါပဲ၊ ဘာကြောင့်လဲဆိုရင်ဖုန်းရဲ့အရွယ်အစားကြီးမားသွားတယ်ဆိုပေမယ့် မျက်နှာပြင်နဲ့ပါဝင်တဲ့hardware ပိုင်းတွေကိုဘက်ထရီစားသုံးမှုသိပ်ရှိမှာ မဟုတ်ဘဲနဲ့ဘက်ထရီသက်တမ်းအလွယ်တကူကုန်သွားတာမျိုးကိုဖြစ်စေမှာမဟုတ်ပါဘူး။ ပြောရမယ်ဆိုရင်တော့ စွမ်းဆောင်ရည်ပိုင်းတွေမှာ ကောင်းမွန် လာပြီးအဲ့အတွက်လည်းသင့်တော်တဲ့ဘက်ထရီစွမ်းအားကိုသုံးစွဲထားတယ်ဆိုတာပါပဲ။
<iOS 8>
၂၀၁၄စက်တင်ဘာလမှာiOS 8ကိုရယူခွင့်ပေးခြဲ့ပီးiCloud Drive ဟာiOS 8နဲ့လုံးဝပေါင်းစပ်သွားပြီးappတစ်ခုကလုပ်ထားတဲ့document တွေကို အခြားကိုက်ညီတဲ့app တွေနဲ့ဖွင့်လို့ရစေပါတယ်။Messages ဟာiOS ပေါ်မှာ အသုံးအများဆုံးapp ဖြစ်ပါတယ်။audio နဲ့video messages တွေ၊self-destructing messages တွေနဲ့temporary location sharing တွေအပြင် အခြားfeature တွေကိုပါထည့်သွင်းပေးထားပါတယ်။အများစုတောင်းဆို နေတဲ့ feature ဖြစ်တဲ့group-message threads တွေထဲကနေကိုယ်ကိုယ် တိုင်အပါအ၀င်လူတွေကို ဖြုတ်ထားနိုင်စွမ်းကိုလည်းထည့်ပေးထားပါတယ်။ iOS 8မှာပါဝင်တဲ့HealthKit ဟာကျန်းမာရေးဆိုင်ရာအချက်အလက် တွေနဲ့ fitness data တွေကိုမှတ်တမ်းကောက်ယူပေးတဲ့app ဖြစ်ပါတယ်။
<iOS 9>
Appleအနေနဲ့iOS ရဲ့နောက်ဆုံးထုတ်version ဖြစ်လာမယ့်iOS 9ကို ကြေညာ ခဲ့ပြီဖြစ်ပြီးအရင်ကversion တွေထက်ပိုပြီးsmart ဖြစ်လာသလို၊ ပို၍လည်း စွမ်းဆောင်ရည်ကောင်းလာဖို့ပြင်ဆင်ထားကာ၊Siri ကိုလည်း အဆင့်မြှင့်တင် မှုတွေလုပ်ပေးခဲ့ပါတယ်။Siri ဟာဆိုရင်အခုအခါမှာProactive လို့ ခေါ်တဲ့app suggestion တွေကိုပေးလာနိုင်ပြီး၊လက်ရှိဖြစ်နေတဲ့နေရာ၊အချိန် တွေပေါ် မူတည်ပြီးတော့ခန့်မှန်းမှုတွေကိုလည်းပိုမိုလုပ်ဆောင်နိုင်လာပါတယ်။Apple ရဲ့mobile payment ၀န်ဆောင်မှုဖြစ်တဲ့Apple Pay ဟာဆိုရင်လည်းiOS 9 မှာသိသိသာသာတိုးတက်မှုတွေရှိလာပါတယ်။Notes app အသစ်မှာဆိုရင် တော့ features အသစ်တွေပါလာပြီးဓာတ်ပုံတွေထည့်တာ၊checklists တွေနဲ့ Sketches တွေထည့်တာတွေလုပ်နိုင်စေပါလိမ့်မယ်။
<Bigger, Slimmer & Lighter>
Apple ကိုမှနှစ်သက်သူတွေအတွက်အကောင်းဆုံးပုံစံလုပ်ဆောင်ချက်အသစ် တွေနဲ့ထွက်ရှိလာတဲ့စမတ်ဖုန်းဖြစ်ပါတယ်။ iPhone 6s Plus မှာယခင်မျိုးဆက် ရဲ့ကောင်းတဲ့အချက်အားလုံးကိုယူဆောင်လာပြီး နောက်တစ်ဆင့်မြင့်အောင် တီထွင်ထားပါတယ်။7000 Series Aluminium နဲ့ ပြုလုပ်ထားတဲ့ အတွက် ထွက်ရှိပြီးသမျှiPhone ထဲမှာအကောင်းဆုံးဖြစ်ပါတယ်။ဖုန်းအသစ်မှာRetina HD Display ပါရှိပြီးအမာကျောဆုံးCover Glass မှထုတ်လုပ်ထားပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းကတော့အရင်မျိုးဆက်အတိုင်း၅.၅လက်မဖြစ်ပါ တယ်။A9 Chip ဟာiPhone 6s Plus အတွက်စွမ်းဆောင်ရည်အပိုင်းမှာ နောက်ထပ်အဆင့်တစ်ခုကိုယူဆောင်လာပါတယ်။လျင်မြန်လာရုံသာမက ပို ကောင်းလာပါတယ်။A9 Chip ဟာGame Console အဆင့်ဂရပ်ဖစ် စွမ်းဆောင်ရည်ကိုပံ့ပိုးပေးနိုင်တဲ့အတွက်Games, Apps များအတွက် အရောင်စုံလင်ပြီးရုပ် ကြွမှာဖြစ်ပါတယ်။M9 Motion Coprocessor ကိုA9 Chip မှာတပ်ဆင်ထားတဲ့အတွက်အချိန်ကြာကြာနဲ့စွမ်းဆောင်ရည်မြင့်မားစွာ အလုပ်များလုပ်နိုင်မှာပါ။M9 ဟာကိုယ်လက်လှုပ်ရှားမှုတိုင်းတာဖို့အတွက် Accelerometer, Compass, Gyroscope, Barometer တို့နဲ့ဆက်သွယ် မှာပါ။12 Megapixel iSight Camera ဟာပြတ်သားပြီးအသေးစိတ်ကျတဲ့ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်ပါတယ်။1080p HD Video ရဲ့Resolution ထက်လေးဆမြင့်တဲ့4K Video များကိုလည်းရိုက်ကူးပေးနိုင်ပါတယ်။iPhone 6S Plus မှာ5 Megapixel Face Time HD Cameraနဲ့Selfie ဓါတ်ပုံကောင်းများ ကိုရိုက်ကူးနိုင်ပါတယ်။ပထမဆုံးအနေနဲ့iPhone ဟာမျက်နှာပြင်ကို သက်ရောက်တဲ့အားကိုတွက်ချက်နိုင်ပါပြီ။Tap, Swipe, Pinch လို့ရင်းနှီးပြီး သားMulti-Touch Gestures များအပြင်3D Touch မှာPeek and Pop ကို မိတ်ဆက်လိုက်ပါတယ်။Peek and Pop ဟာContent မျိုးစုံကို တကယ် ဖွင့်စရာမလိုဘဲPreview ကြည့်နိုင်ပြီးအလုပ်များလုပ်နိုင်ပါတယ်။iPhone 6s Plus ဟာWebကြည့်ဖို့၊Apps, Games များ ဒေါင်းလုပ်လုပ်ဖို့နဲ့ သင့်အတွက် အရေးကြီးတဲ့လူများနဲ့ဆက်သွယ်ဖို့ပံ့ပိုးပေးနိုင်ပါတယ်။အခုဆိုရင်တော့LTE Advanced နဲ့နှစ်ဆလျင်မြန်စွာ ဖြင့်အဲဒီအလုပ်အားလုံးကိုလုပ်နိုင် ပါပြီ။ iPhone 6s ဟာယခင်မျိုးဆက်များနဲ့ဒီဇိုင်းတူညီပြီးiPhone 6မှာလိုပဲ၎ .၇ လက်မမျက်နှာပြင်တပ်ဆင်ထားပါတယ်။
Rose Gold အရောင်အသစ်တစ်မျိုးကိုမိတ်ဆက်ထားပါတယ်။Apple က အလူမီနီယမ်အသစ်ကိုအသုံးပြုထားပြီးကိုယ်ပိုင်Alloy လို့ ပြောပါတယ်။ မျက်နှာပြင်ကိုApple Watch Sportမှာအသုံးပြုထားတဲ့Ion-Xလို့အမည်ရတဲ့ ဖန်အလွှာနဲ့ကာကွယ်ထားပါတယ်။အဲဒီ ပြောင်းလဲမှုတွေဟာဖုန်းကွေး ကောက် မှုကိုဟန့်တားဖို့ဖြစ်နိုင်ပါတယ်။3D Touch ဖြင့်iPhone ကို နည်းလမ်းအသစ်နှစ်ခုဖြင့်အသုံးပြုနိုင်မှာပါ။Apple ကPeek and Pop လို့ ခေါ်ပါတယ်။Peek ကApp Icons နဲ့အခြားခလုတ်များကိုနှိပ်ခြင်းဖြင့် သီးခြား စွမ်းဆောင်ချက်များကိုအသုံး ပြုတာဖြစ်ပါတယ်။Camera App ကိုနှိပ်ရင် Selfie ရိုက်ဖို့အဆင်သင့်ပြုလုပ်ပေးမှာပါ။Facebook App ကိုနှိပ်ရင်Status Update ပြုလုပ်ဖို့၊ဓါတ်ပုံရိုက်ဖို့၊Check In လုပ်ဖို့၊ရှာဖွေမှုပြုလုပ်ဖို့စတင် ရွေးချယ်မှုများကို ပြုလုပ်နိုင်မှာပါ။Pop ကစကရင်မှာ နေရာယူခြင်း မရှိဘဲ ဓါတ်ပုံနဲ့ဗီဒီယိုများကိုကြည့်ရှုနိုင်ပါတယ်။အဲဒါတွေကိုဖယ်ရှားလိုက်တာနဲ့ ယခင်နေရာကိုပြန်လည်ရောက်ရှိမှာပါ။iPhone 6S မှာApple A9 64-bit Processor မောင်းနှင်မှာဖြစ်ပါတယ်။ထုံးစံအတိုင်းပဲApple ကProcessor ရဲ့အသေးစိတ်အချက်အလက်တွေကိုမပေးထားပါဘူး။ဒါပေမယ့်iPhone 6 ရဲ့A8 Processor ထက်CPU အလုပ်များကို၇၀ရာခိုင်နှုန်း၊GPU အလုပ်များကို ၉၀ရာခိုင်နှုန်းပိုမိုမြန်ဆန်အောင်ပြုလုပ်နိုင်တယ်လို့Apple ကပြောပါတယ်။ Face Time HD Camera ဟာSelfie နဲ့Face Time Calls များအတွက် အကောင်းဆုံးကင်မရာဖြစ်ပါတယ်။အခုဆိုရင်5 megapixel Photos များကိုရိုက်ကူးနိုင်ပါပြီ။Face Time HD Camera ကနေLive Photos များကိုလည်းရိုက်ကူးနိုင်ပါတယ်။အခုဆိုရင်Face Time HD Camera အတွက်Flash တစ်ခုတပ်ဆင်ပေးထားပါတယ်။Selfie ရိုက်တဲ့အခါFlash ကသင့်ပတ်ဝန်းကျင်မှအလင်းရောင်ကိုအာရုံခံနိုင်ပြီးသဘာဝကျတဲ့အရောင် များကိုပံ့ပိုးပေးနိုင်ဖို့အလင်းရောင်ကိုချိန်ညှိပေးနိုင်ပါတယ်။iCloud Photo Library ဟာDevice တိုင်းမှာသင်ရိုက်ထားတဲ့ဓါတ်ပုံများကိုရယူနိုင်ပါတယ်။ iPhone 6s မှာရိုက်လိုက်တဲ့ဓါတ်ပုံကိုMac မှာကြည့်နိုင်ပါတယ်။iPad ကနေ ဓါတ်ပုံတစ်ခုအတွက်Filter ထည့်ခြင်းသို့မဟုတ်Edit ပြုလုပ်ခြင်းများ ပြုလုပ်လျှင်iPhone 6s မှာလည်းပြုပြင်ထားတဲ့ပုံကိုရရှိမှာပါ။Live Photo များဟာလည်းiCloud ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာပါပြီ။Photos App နဲ့ ဆိုရင်သင့်ရဲ့ဓါတ်ပုံနဲ့ဗီဒီယိုများကိုAlbums များအဖြစ်စီမံခန့်ခွဲနိုင်ပြီး သင်နှစ်သက်တဲ့လူများနဲ့မျှဝေနိုင်ပါတယ်။
<Pixel Perfect Camera>
iSight Cameraဟာ12 Megapixel ရုပ်ငြိမ်ဓါတ်ပုံတွေကို ဖမ်းယူပေးနိုင် ပါတယ်။ဒါပေမယ့်ဓါတ်ပုံကောင်းတွေကိုMegapixel နဲ့ပဲမတိုင်းတာ ပါဘူး။ ဒါကြောင့်Image Single Processor အသစ်တစ်ခု၊အဆင့်မြင့်Pixel နည်းပညာ၊Focus Pixels,တိုးတက်လာတဲ့Local Tone Mapping,Optical Image Stabilization တို့ကိုထည့်သွင်းပေးထားပါတယ်။
<64-bit Desktop-Class>
A9 Chipဟာ64-bit architecture ဖြစ်ပြီးAppleရဲ့တတိယမျိုးဆက်Chip ဖြစ်ပါတယ်။ယခင်မျိုးဆက်ထက်CPU စွမ်း ဆောင်ရည်မှာ၇၀ရာခိုင်နှုန်း တိုးတက်လာပါတယ်။ယခင်မျိုးဆက်ထက်ဂရပ်ဖစ်စွမ်းဆောင်ရည်မှာ၉၀ ရာခိုင်နှုန်းတိုးတက်လာပါတယ်။
<Full 4K>
HD Videoများထက်လေးဆResolution ကောင်းမွန်တဲ့အမှတ်တရဗီဒီယိုများ ကိုရိုက်ကူးနိုင်ပါပြီ။4K Video များကိုရိုက်ကူးစဉ်နဲ့ကြည့်ရှုစဉ်မှာPixels ရှစ်သန်းပေါ်မှာZoom In ပြုလုပ်နိုင်ပါတယ်။iPhone 6s Plus နဲ့ဆိုရင် ဓါတ်ပုံများသာမကဘဲဗီဒီယိုများအတွက်ပါOptical Image Stabilization ပါရှိလာပါတယ်။အဲဒီအတွက်အလင်းရောင်နည်းတဲ့ နေရာတွေမှာတောင် ချောမွေ့ပြီးလှပတဲ့ဗီဒီယိုများကိုရိုက်နိုင်ပါတယ်။
<Experience 3D Touch>
ပထမဆုံးအနေနဲ့iPhone ဟာမျက်နှာပြင်သို့သက်ရောက်တဲ့အားကိုတွက်ချက် နိုင်ပါပြီ။Tap, Swipe, Pinch လို့ရင်းနှီးပြီးသားMulti-Touch Gestures များ အပြင်3D Touch မှာPeek and Pop ကိုမိတ်ဆက်လိုက်ပါတယ်။3D Touch ကိုအသုံးပြုရင်ထိတွေ့အသုံးပြုမှုနဲ့ပတ်သက်သောမတူညီတဲ့အရသာကိုခံစားရမှာဖြစ်ပါတယ်။

https://web.facebook.com/soemin537
ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

Saturday, July 30, 2016

“ဖုန်းအဝယ်မမှားစေဖို့”



ယနေ့အခါမှာ စမတ်ဖုန်း second ဈေးကွက်က တော်တော်လေးတွင်ကျယ် တယ်လို့ဆိုနိုင်မှာပါ။ အများစုသော စမတ်ဖုန်းသုံးစွဲသူများက အကြောင်း အမျိုးမျိုးကြောင့်မိမိတို့ရဲ့ ဖုန်းတွေကိုပြန်လည်ရောင်းချလေ့ရှိပါတယ်။ မော်ဒယ်အမြင့်ကိုင်ချင်တာ၊ ငွေလိုတာ၊လက်ရှိကိုင်နေတဲ့ဖုန်းကို ရိုးအီ သွားပြီး နောက်ထပ်အသစ်တစ်လုံးကိုင်ချင်တာ စတာတွေကြောင့် မိမိနဲ့ နီးစပ်ရာ သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာပဲဖြစ်ဖြစ်၊ စမတ်ဖုန်း အဟောင်းဝယ်ရောင်းဆိုင်တွေကိုပဲဖြစ်ဖြစ်ရောင်းချလေ့ရှိပါတယ်။ အဲဒီ နေရာမှာ စမတ်ဖုန်းဝယ်ယူမဲ့သူတစ်ယောက်အနေနဲ့ ဈေးနှုန်း သက်သက် သာသာနဲ့ဝယ်ယူနိုင်တဲ့အတွက်စိတ်ဝင်စားကြမှာဖြစ်ပါတယ်။ သို့သော် တစ်ခုရှိတာက မိမိဝယ်ယူမယ့်ဖုန်းက အစစ်လားအတုလား(Genuine လား Clone လားပေါ့) သိရှိထားမယ်ဆိုလျှင်တော့ clone ဝယ်ယူမိတဲ့ပြဿနာကို ကာကွယ်ပြီးသားဖြစ်မှာပါ။ထို့အတူ ဖုန်းဆိုင်များမှာဝယ်ရင်လည်း အတုလား အစစ်လားသိထားဖို့လိုအပ်မှာဖြစ်ပါတယ်။ အများစုသောသူများအနေဖြင့် တော်ရုံတန်ရုံတော့ သိပ်နားလည်မှာမဟုတ်တဲ့အတွက် ဈေးနှုန်းကို ကြည့်ပြီးသက်သာတယ်ဆိုတာနဲ့ဝယ်ယူကြမှာအမှန်ပါပဲ။ကိုးစားယုံကြည် ထိုက်သောဆိုင်ကြီးတွေမှာတော့ clone တွေဝယ်ယူမိဖို့ အခွင့်အလမ်း သိပ်မရှိပေမဲ့ အချို့သော ဆိုင်တွေမှာတော့ clone တွေကို ရောင်းနေကြ ပါတယ်။Clone လို့ပြောရောင်းလျှင်ကိစ္စမရှိသော်လည်း အစစ်လိုလို ဘာလိုလိုနဲ့ ရောင်းချမယ်ဆိုလျှင်တော့ဝယ်ယူမိသူတွေမှာ တော်တော်လေး နစ်နာမှာဖြစ်ပါတယ်။အများစုဖြစ်တတ်တာက နည်းပညာနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှုအားနည်းလှတဲ့လူကြီးတွေအနေနဲ့ clone ကို တကယ့် အစစ်ဖုန်းကဲ့သို့ ထင်ပြီးဝယ်ယူမိတာတွေရှိပါတယ်။ သူတို့ကတော့ တံဆိပ် နဲ့ပုံစံကိုပဲသိတာများတဲ့အတွက် အထက်ကဆိုခဲ့သလို အဟောင်း ဈေးကွက် မှာပဲဖြစ်ဖြစ်၊ အချင်းချင်းပြန်ရောင်းတဲ့အခါမှာပဲဖြစ်ဖြစ် clone ကို ဝယ်မိလျက်သားဖြစ်နေတတ်ပါတယ်။အချို့ကသိသိနဲ့လိမ်ရောင်းတာမျိုး တွေရှိပါတယ်။ Clone ကို ငွေအရေးတကြီးလိုလို့ မရောင်းချင်ဘဲရောင်းချ ရတဲ့ပုံစံမျိုးနဲ့ သိပ်နားလည်တဲ့သူတွေကို ဈေးသက်သာစွာရောင်းချလေ့ရှိပါ တယ်။
ဝယ်ယူသူတွေကလည်း ဘာပဲဖြစ်ဖြစ် သက်သက်သာသာနဲ့ရမယ်ဆိုတော့ သိပ်မစဉ်းစားမိဘဲဝယ်ယူမိတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ နိုင်ငံခြားသား တွေကလည်း စားရိတ်ပြတ်တဲ့သဘောနဲ့ clone တွေကိုရောင်းချလေ့ ရှိပါ တယ်။ နိုင်ငံခြားသားဆိုတော့ တော်ရုံတန်ရုံယုံကြည်ကြပြီးဝယ်ယူမိတတ်ပါ တယ်။ ဒီတော့ကျွန်တော်တို့ ဖုန်းတစ်လုံးကိုဝယ်ယူတော့မယ်ဆိုလျှင် သိထားသင့်တာလေးတွေကို လေ့လာကြည့်ကြရအောင်။ သေချာတာ ကတော့ ကျွန်တော်တို့ ဝယ်ယူမယ့်ဖုန်းရဲ့ သက်ဆိုင်ရာ Show Room တွေ၊ စိတ်ချရတဲ့ဆိုင်ကြီးတွေမှာဝယ်ယူသင့်ပါတယ်။ Clone တွေကများသော အားဖြင့် လူကြိုက်များသော Brand တွေမှာအတွေ့ရများပါတယ်။ ဖြစ်နိုင် လျှင်တော့ မိမိတို့ ဝယ်ယူမယ့်ဖုန်းအမျိုးအစားနဲ့တူညီတဲ့ဖုန်းက ကိုယ့်အသိ မှာရှိလျှင် ယူသွားပြီး ပုံစံကိုတိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ ဒါက အပြင်ပိုင်း ပေါ့။ ဘာပစ္စည်းတွေသုံးထားလဲ၊ ဘယ်လိုပုံစံတည်ဆောက်ထားလဲ၊ အလေးချိန်၊ ရုပ်ထွက်စတာတွေကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ နှိုင်းယှဉ် လိုက်လျှင် တစ်ထပ်တည်းတော့လုံးဝမကျနိုင်ပါဘူး။သိသိသာသာကွဲပြားနေ မှာဖြစ်ပါတယ်။ မျက်နှာပြင်ဘေးဘောင်ရဲ့ နေရာယူမှု အထူအပါး၊ resolution, ကင်မရာအရည်အသွေးတွေသိသာစွာကွာနိုင်ပါတယ်။ဂရပ်ဖစ် အရည်အသွေးနဲ့ပတ်သက်ပြီး D-Day တို့ Contract Killer တို့လိုမျိုး ဂရပ်ဖစ် လိုအပ်ချက်မြင့်မားတဲ့ ဂိမ်းတွေတင်ကာ တပြိုင်နက်တည်းဖွင့်ထားကြည့်ပါက ဖုန်းအတုများမှာ နှေးကွေးစွာ run မှာဖြစ်သလို hang သွားတာတွေဖြစ်မှာ ပါ။ အထူးသဖြင့် home ခလုတ်၊ power ခလုတ်နဲ့ volume ခလုတ်တွေက သိသာစွာကွာခြားလှပါတယ်။ iPhone Clone တွေဆိုလျှင် power ခလုတ်က သိသာစွာကွဲပြားတာကိုတွေ့ရမှာပါ။
ဘက်ထရီကာဗာကို ချွတ်ပြီး တိုက်ဆိုင် စစ်ဆေးကြည့်ရင် အချို့သော အစိတ်အပိုင်းတွေ၊နေရာချထားမှုတွေ( Sim card slot လိုမျိုး)က original နဲ့ ကွဲပြားနေမှာဖြစ်ပါတယ်။ Battery specification တွေက ကွဲပြားနေတာ တို့ဖြစ်မှာပါ။iPhone ကတော့ clone ဟုတ်မဟုတ်စစ်ရတာလွယ်ပါတယ်။ iTunes App Store က iOS apps တွေတင်တဲ့အခါ ရနိုင်မှာမဟုတ်ပါဘူး။ Android ကို iOS ပုံစံပြောင်းထားတာဖြစ်ပါတယ်။မိမိတို့ဝယ်ယူမယ့် ဖုန်းရဲ့ specification ကို GSMArena (သို့မဟုတ်) Official website မှရယူကာ တိုက်ဆိုင်စစ်ဆေးကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ spec တွေကို third-party app တစ်ခုဖြစ်တဲ့ Antutu Benchmark ကို Google Play မှ download လုပ်ကာ ရယူပြီးစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ဖုန်းရဲ့ထုတ်လုပ်သူက အခြား နာမည်တစ်ခုကို ဖော်ပြနေတယ်ဆိုလျှင် အဲဒါဟာ clone ဆိုတာသိနိုင်မှာဖြစ် ပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ IMEI code ကို စစ်ဆေးတာပဲဖြစ်ပါတယ်။ iPhone မှာတော့ သူ့ရဲ့ Serial Number ကို Settings>General >About Phone ကနေရယူပြီး https://selfsolve.apple.com/agreementWarrantyDynamic.do သို့ဝင်ကာစစ်ဆေးနိုင်ပါတယ်။ အကယ်၍ iPhone က clone ဆိုလျှင် တော့ “We’re sorry,but this serial number is not valid. Please check your information and try again,” ဆိုပြီးဖော်ပြမှာဖြစ်ပါတယ်။ Android သုံးစွဲသူ များအဖို့ IMEI code ကို handset ရဲ့ နောက်ကျောဘက်မှာကပ်ထားတဲ့ sticker ကနေကြည့်နိုင်ပါတယ်။ မရှိဘူးဆိုလျှင်တော့ Settings>About>Status ကနေရယူနိုင်သလို *#06# ကိုရိုက်ထည့်ကာ ဖုန်းခေါ်ပြီး IMEI code ကို ရယူနိုင်ပါတယ်။ IMEI code ကိုရရှိပါက အဆိုပါ code ကို imei.info သို့သွားပြီး box ထဲမှာရိုက်ထည့်ကာ “Check” ကိုနှိပ်ပြီးစစ်ဆေးနိုင်မှာဖြစ်ပါတယ်။
အဲဒီအခါ ဖုန်းရဲ့ information တွေကိုပြသမှာဖြစ်ပြီး ကိုယ့် Handset နဲ့ အချက်အလက်တွေကွဲနေပါက clone ဆိုတာသိနိုင်မှာဖြစ်ပါတယ်။
Samsung ဖုန်းတွေအတွက်ဆိုလျှင် Samsung Kies ဆိုတဲ့ ဆော့ဖ်ဝဲကိုhttp://www.samsung.com/ph/support/usefulsoftware/KIES/ ကနေ ရယူပြီး သင့်ရဲ့ပီစီမှာတင်ကာ ဖုန်းကို USB နဲ့ချိတ်ဆက်လိုက်တဲ့အခါ သင့် Samsung ဖုန်းရဲ့ Device Name တွေ၊ Firmware information တွေနှင့် ဖုန်းနဲ့ပတ်သက်တဲ့ specification တွေကိုပြသမှာဖြစ်ပါတယ်။ အကယ်၍ မိမိချိတ်ဆက်လိုက်တဲ့ device ကို ချိတ်ဆက်နိုင်ခြင်းမရှိဘဲ not recognized ဖြစ်နေကာ နောက်ထပ် connect ထပ်လုပ်ခိုင်းတဲ့အခါတွေမှာလည်း ချိတ်ဆက်လို့မရနိုင်သေးဘူးဆိုလျှင် အဲဒါက Samsung Galaxy ဖုန်း မဟုတ်ဘူးဆိုတာပြသတာပဲဖြစ်ပါတယ်။ ထို့ပြင် Galaxy device တွေမှာ အသုံးပြုနိုင်တဲ့ Samsung codes တွေကိုရိုက်ထည့်ပြီး ဖုန်းခေါ်ဆိုကာ စစ်ဆေးနိုင်ပါသေးတယ်။ အသုံးများတဲ့ code အချို့ကတော့ *#1234#[Display device current firmware],*#*#1472365#*#*[GPS test settings],*#0*#[General Test Mode],*#*#197328640#*#*[Service mode main menu] စတာတွေပဲဖြစ်ပါတယ်။ အရှေ့က code တွေကို ရိုက်ထည့်ကာ dial လုပ်လိုက်လျှင် ကွင်းထဲမှာဖော်ပြထားသော လုပ်ငန်းစဉ်များကိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အကယ်၍ မရဘူးဆိုလျှင် တော့ Samsung မဟုတ်ဘူးဆိုတာဖော်ပြနေတာပဲဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ IMEI code နဲ့ပတ်သက်တဲ့ဗဟုသုတလေးကိုဝေမျှချင် ပါတယ်။ IMEI code ဟာ ဂဏန်း 15 လုံးပါဝင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် 358893057470323 ဖြစ်ပါတယ်။ အဲဒီမှာ နံပါတ် ၇နဲ့၈ ခုမြောက် ဖော်ပြ တဲ့ ဂဏန်းများက ဖုန်းထုတ်လုပ်တဲ့နိုင်ငံများနဲ့ အရည်အသွေးကိုဖော်ပြ တာဖြစ်ပါတယ်။ အနှစ်ချုပ်မှတ်ထားလျှင်တော့ 02(သို့မဟုတ်)20ဆိုလျှင် အရည်အသွေးနိမ့်၊ 08(သို့မဟုတ်)80 ဆိုလျှင် အရည်အသွေးအသင့်အတင့်၊ 03(သို့မဟုတ်)30၊04(သို့မဟုတ်)40 ဆိုလျှင် တရုတ်ပြည်မှာ ထုတ်တာဖြစ် ပြီး အရည်အသွေးကောင်းမွန်ပါတယ်။ 06,60 ဆိုလျှင်လည်းဟောင်ကောင်၊ တရုတ်၊မက္ကဆီကို စက်ရုံထုတ်များဖြစ်ပြီးအရည်အသွေးကောင်းမွန်ပါတယ်။ 05 ,01(သို့မဟုတ်)50,10 ဆိုလျှင် ဘရာဇီး၊USA သို့မဟုတ် ဖင်လန်စက်ရုံ ထုတ်များဖြစ်ကာ အရည်အသွေးအလွန်ကောင်းမွန်ပါတယ်။ 00 ဆိုလျှင် တော့ မူရင်းစက်ရုံထုတ်ဖုန်းဖြစ်ကာ အရည်အသွေးအကောင်းဆုံးဖြစ်ပါ တယ်။ 13 ဆိုလျှင်တော့ အရည်အသွေးအလွန်ညံ့ကာ ကျန်းမာရေးအတွက် လည်းအန္တရာယ်ရှိနိုင်မှာဖြစ်ပါတယ်။ 

အထက်ပါအချက်များနဲ့စစ်ဆေးလို့ရနိုင်သလို လက်ရှိပြည်တွင်းမှာ တရားဝင်ဖြန့်ဖြူးနေတဲ့ စမတ်ဖုန်းတံဆိပ်များဟာ သူတို့တိုက်ရိုက် တင်သွင်း တဲ့ စမတ်ဖုန်းများအတွက် Warranty ပေးလေ့ရှိပြီး ဖုန်းနဲ့အတူ အဆိုပါ warranty card သို့မဟုတ် ဟိုလိုဂရမ်အမှတ်တံဆိပ်ကပ်ထားတာတွေပါဝင် မှာဖြစ်ပြီးအဆိုပါ ကဒ်များက ဖုန်းအစစ်ဖြစ်ကြောင်းသက်သေခံနေတာ လည်းဖြစ်ပါတယ်။နာမည်ကြီးဖုန်းများနှင့်နာမည်ဆင်တူရိုးမှား၊ပုံစံဆင်တူရိုးမှားဖုန်းတွေကလည်းများစွာ ထွက်ပေါ်နေသောကြောင့် အဆိုပါဖုန်းများ ကိုလည်း သတိထားရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ အဖိုးတန်တဲ့ငွေကြေးတွေက ဖုန်းအဝယ်မှားတဲ့အတွက် အလဟဿဆုံးရှုံးပြီး စိတ်သောကရောက်စေ မယ့်အဖြစ်မျိုးတွေမကြုံရစေဖို့ မိမိတို့အနေနဲ့ အသေအချာလေ့လာ စစ်ဆေးပြီးမှဝယ်ယူသင့်ပါတယ်။ နောက်တစ်ချက်က မိမိတို့အနေဖြင့် ဖုန်းဝယ်လျှင် ဆိုင်မှာကတည်းက အားလုံးစစ်ဆေးပြီးလိုတာတွေ အားလုံး လုပ်ခဲ့လျှင် ချို့ယွင်းအားနည်းချက်တွေရှိခဲ့ပါက ချက်ချင်းသိနိုင်မှာပါ။ ဥပမာ SIM ကဒ်မိ၊ မမိ၊ Dual ဆိုလျှင် နှစ်ခုလုံး မိမမိ၊ microSD ကဒ်မှာ ကဒ်စိုက် ရမရ(အချို့ချောင်နေတတ်ပြီး မမိတာတွေဖြစ်တတ်ပါတယ်)၊ကင်မရာ အရည်အသွေး၊ Google Play သုံးလို့ရမရ၊ မိမိတို့များသောအားဖြင့် အသုံးပြုရမယ့် apps တွေတင်လို့ရမရ၊ မြန်မာစာရမရ၊ ဖုန်းခေါ်လျှင် အသံကြားမကြား(စပီကာပြဿနာဖြစ်တတ်ပါတယ်) စတဲ့အခြေခံ လိုအပ်ချက်တွေ ကိုဆိုင်မှာတည်းက အသေအချာစစ်ဆေးခဲ့ သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါပြဿနာလေးတွေက မကြာခဏကြုံတွေ့ နေကြလို့ပဲဖြစ်ပါတယ်။ဒီလိုအခြေခံအချက်လေးတွေသိရှိထားလျှင် မိမိတို့ အနေဖြင့် ဖုန်းအဝယ်မှားလို့စိတ်သောကရောက်ရမယ့်အခြေအနေမှ ရှောင်လွှဲနိုင်မှာပဲဖြစ်ပါတယ်။
ငြိမ်းချမ်း(BE-IT)


ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

“သင့်ရဲ့ဝက်ဘ်ဆိုက်ကို မိုဘိုင်းဖုန်းပေါ်မှာ မြန်ဆန်စေဖို့နှင့် နည်းလမ်း”





လက်ရှိ မြန်မာပြည်ရဲ့ အင်တာနက် user ရဲ့ ၉၀ ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်း ပေါ်ကနေလာသူများ ဖြစ်ပါ တယ်။ ဒီတော့ သင့်ရဲ့လုပ်ငန်းဝက်ဆိုက်ကို ရှေးသမားရိုးကျအတိုင်း Desktop user အတွက်ပဲ ရည်ရွယ်တယ် ဆိုရင် တော့ သင့်လုပ်ငန်း ရေရှည်ရပ်တည်ဖို့ မလွယ်တော့ပါဘူး။ အကြောင်းက တော့ မိုဘိုင်းဖုန်း ဖန်သားပြင် သေးသေးလေးပေါ်မှာ ဝဘ်ဆိုဒ်တစ်ခုကို ခေါ်လိုက်ရင် ကျလာတဲ့အရွယ်ဟာ ကွန်ပျူတာပေါ်မှာ ကြည့်ရမယ့် အရွယ်ဖြစ်တာကြောင့် အဆင်မပြေပါဘူး။ သေးအောင်လုပ်ရ၊ ရွှေ့ရနဲ့ အတော်လေး ခက်ပါတယ်။ ဒါကြောင့်မို့ မိုဘိုင်းဖုန်း သုံးသူများဟာ ဝဘ်ဆိုဒ်တွေကို မဝင်တော့ဘဲ Facebook ပေါ်မှာသာ စာဖတ်တဲ့ အလေ့ အထကို မြန်မာပြည်မှာ ပိုပြီးတော့ လုပ်လာကြပါတယ်။ ဒီတော့ ခပ်ကြာရှည် ရပ်တည်နိုင်ဖို့အတွက် မိုဘိုင်းအသားပေးတဲ့ ဝက်ဆိုက်ကို ပြောင်းကြစို့။ ဒီတော့ပြောင်းတဲ့ နည်းလမ်းလေးကို မျှဝေပါရစေ။ အရင်ဆုံး အားလုံးကို မိုဘိုင်းကို ပြောင်းမယ်ဆိုရင် Responsive template သုံးရင်ပြီးရောလို့ မှတ်ထားတာမျိုးကိုလည်း ဖြေရှင်းချင်ပါတယ်။ မှန်လည်းမှန်ပါတယ်။ ဒါပေမယ့် ယင်း ရွေးချယ်မှုနဲ့ အတူ အခြားရွေးချယ်မှုတွေလည်း ရှိပါသေး တယ်။ အားလုံးကို ရှင်းပြပါ့မယ်။ အဓိက အားဖြင့် မိုဘိုင်းဆိုက်လို့ ပြောရင် Responsive Web Design, Dynamic Serving နဲ့ Seperate URLs ဆိုပြီး တော့ သုံးမျိုး ရှိပါတယ်။

<ဝက်ဆိုက်အလုပ်လုပ်ပုံ>
ဝက်ဆိုက်ရဲ့ အလုပ်လုပ်ပုံကတော့ user ကနေပြီးတော့ browser ထဲကနေ URL ကို ရိုက်လိုက်ပြီဆိုရင် HTML page ကျလာခြင်း ဖြစ်ပါတယ်။ ဒါ အလွယ်မှတ်တဲ့ နည်းပါ။ တကယ်တန်းကျတေ့ URL ရိုက်လိုက်ရင် HTML, Javascrpit, CSS တို့ကျလာခြင်း ဖြစ်ပါတယ်။ ယင်း အလုပ်လုပ်ပုံ အခြေခံကို သိထားဖို့ လိုအပ်ပါတယ်။ html တို့က ဘယ်ကနေ ကျလာသလဲဆိုရင် Hosting ကနေ ကျလာခြင်း ဖြစ်ပါတယ်။ Hosting ဆိုတာ ဝက်ဆိုက်ရဲ့ အချက်အလက်များကို စုစည်းသိမ်းဆည်းထားတဲ့ နေရာ ဖြစ်ပါတယ်။ ယင်းနေရာကို လိပ်စာအဖြစ် URL တစ်ခုသတ်မှတ်ပေးလိုက်တာကြောင့် အချက်အလက်တွေကို တိကျမှန်ကန်စွာယူပေးခြင်းဖြစ်ပါတယ်။

<Separate URLs>
Separate URLs ဆိုတာ ဝက်ဆိုက်လိပ်စာကအစ ပြောင်းလိုက်တာပါ။ ဝက်ဆိုက်တစ်ခုကို ကျွန်တော်တို့အနေနဲ့ ကွန်ပျူတာကနေ ရိုက်ရှာလိုက်ရင် ကျလာတာက html file လို့ အကြမ်းဖျဉ်းမှတ်ယူနိုင်ပါတယ်။ html file ဟာ Hosting ထဲမှာ ရှိတဲ့ File တစ်ခုထဲကနေ ကျလာခြင်း ဖြစ်ပါတယ်။ ဝက်ဆိုက် လုပ်တယ်ဆိုတာ ဒီဇိုင်းတွေ content တွေကို file ထဲမှာထည့်ပြီးတော့ hosting ပေါ်တင်ထားတာကြောင့် အင်တာနက် လိပ်စာလည်း တပ်ပေးထား တာကြောင့် သူ့လိပ်စာအတိုင်း ရိုက်ရင် အချက်အလက်ကျလာခြင်း ဖြစ်ပါ တယ်။ Seperate URLs စနစ်မှာက html ကိုလည်း မတူညီတာ သုံးပါတယ်။ URL ကိုလည်း ခွဲထားပေးပါတယ်။ ဥပမာ https://www.cnn.com ကို မိုဘိုင်းဆိုက်အဖြစ်https://mobile.cnn.com ဆိုပြီးတော့ URL ပြောင်းလိုက်ခြင်း ဖြစ်ပါတယ်။ ရှိရင်းစွဲ domain ကနေ Sub domain ခွဲလိုက်ခြင်း သဘောဖြစ်ပါတယ်။ ဒါ့အပြင် သူ့ထူးခြားချက်က ဝက်ဆိုက်ပါ ခွဲလိုက်ခြင်းဖြစ်ပါတယ်။ html မတူဘူးလို့ဆိုတဲ့ အကြောင်းအရင်းကတော့ ဝက်ဆိုက်မတူဘူးလို့ဆိုတာနဲ့ အတူတူပါပဲ။ ဒီတော့ မိုဘိုင်းဖုန်း browser ရဲ့ ဝက်ဆိုက်ကို ရိုက်လိုက်မယ်ဆိုရင် သူ့အတွက် သီးခြားစီမံဖန်တီးပေးထားတဲ့ သီးသန့် မိုဘိုင်း ဝက်ဆိုက်ကျလာမှာ ဖြစ်ပြီး ကွန်ပျူတာကနေရိုက်ရင် ကွန်ပျူတာအတွက် ရည်ရွယ်တဲ့ ဆိုက်သက်သက်ကို မြင်ရမှာဖြစ်ပါတယ်။

<Dynamic Serving>
Dynamic Serving က URL မတူပါဘူး။ URL မတူဘူးဆိုတာ သီးခြား URL ဖြစ်ပါတယ်။ URL သာ မတူတာ။ html ကျတော့ တူပါတယ်။ ဆိုလိုရင်း ကတော့ လိပ်စာ နှစ်ခုအတွက် အိမ်တစ်အိမ်ထဲကိုသာ ပေးထားခြင်း သဘောဖြစ်ပါတယ်။ URL နှစ်ခုဖြစ်ပေမယ့် Hosting တစ်ခုထဲက html file တစ်ခုတည်းကိုသာ ညွန်းထားခြင်းဖြစ်ပါတယ်။ ဒီတော့ မိုဘိုင်းဖုန်းကနေ ကွန်ပျူတာကနေကြည့်တဲ့လိပ်စာကို ရိုက်လိုက်ရင် သူ့ပါသူ အလိုအလျောက် မိုဘိုင်းဖုန်း လိပ်စာ (mobile.cnn.com) ဆိုတာမျိုးကို ညွန်းသွားပြီး ဝက်ဆိုက်ကိုတော့ file တစ်ခုတည်းကနေပဲ ယူသုံးပါတယ်။ html ကိုတော့ Responsive ဖြစ်အောင် လုပ်ထားကောင်း လုပ်ထားပါလိမ့်မယ်။ ယင်း Responsive လုပ်တယ်ဆိုတာ ဘာလဲဆိုတာပါ ဆက်ရှင်းပါ့မယ်။

<Responsive Web Design>
သူကတော့ URL လည်း မပြောင်းသလို html လည်း မပြောင်းပါဘူး။ ဆိုလိုရင်းကတော့ မိုဘိုင်းဖုန်းကနေပဲ ရှာရှာ၊ Desktop ကနေပဲ ရှာရှာ ရလာမယ့် ဝက်ဆိုက်ရလဒ်က အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကွဲပြားမှု ရှိပါတယ်။ ဘာကွဲပြားမှုလဲ ဆိုတော့ ဝက်ဆိုက်ကို ကွန်ပျူတာပေါ်မှာ ကြည့်တဲ့ အခါ ရလာတဲ့ ရလဒ်က တစ်မျိုး ဖြစ်ပြီး မိုဘိုင်းဖုန်းပေါ်မှာ ကြည့်တဲ့ အခါ ရလာတဲ့ ရလဒ်က တစ်မျိုး ဖြစ်ပါတယ်။ အဓိကကတော့ ဒီဇိုင်း ပြောင်းလဲခြင်းသာ ဖြစ်ပါတယ်။ အတွင်းက Content အချက်အလက် များကတော့ မပြောင်းလဲပါဘူး။ အားလုံး Desktop မှာ မြင်ရတာနဲ့ အတူတူ ပါပဲ။ Feature အဖြုတ်အတပ်၊ Category အဖြုတ်အတပ်လည်း မရှိပါဘူး။ ဒီတော့ Mobile ပေါ်မှာဖတ်တာအတွက်လည်း လွယ်ကူသလို Desktop မှာဖတ်ဖို့အတွက်လည်း လွယ်ကူပါတယ်။

<ဘယ်ဟာ ပိုကောင်းသလဲ>
အကောင်းဆုံးကတော့ Responsive Web Design ဖြစ်ပါတယ်။ Google ကိုယ်တိုင်ကလည်း ယင်း Responsive Web Design ကို ပိုပြီးတော့ အသား ပေးပြီးတော့ Search Engine မှာ ရှာတွေ့အောင် ပြုလုပ်ပေးပါတယ်။ ၂၀၀၇ ခုနှစ်ကနေစလို့ Google ဟာ မိုဘိုင်းဆိုဒ်တွေကို Crawl လုပ် စုဆောင်းမယ့် Mobile Bot တွေ လုပ်လိုက်ပေမယ့် သူတို့က အလုပ်နည်းလေကောင်းလေ ဆိုတဲ့ ဗျူဟာသာ လက်ခံထားပါတယ်။ ဒီတော့ bot နှစ်ကောင်လွတ်ပြီး ဝက်ဆိုက်နှစ်ခုကို crawl မယ့်အစား bot နှစ်ကောင်လွတ်ပြီး ဝက်ဆိုက်တစ်ခု တည်းကို crawl ရတဲ့ သဘောကို ပိုပြီးတော့ နှစ်သက်ပါတယ်။ အကြောင်း ကတော့ ကုမ္ပဏီအမှတ်တံဆိပ်တစ်ခုက ဝက်ဆိုက်နှစ်ခုနဲ့ မတူညီတဲ့ ကွန်ပျူတာကနေ ကြည့်သူနဲ့ မိုဘိုင်းကနေ ကြည့်သူကို ခွဲခြားပြသတယ်လို့ မထင်မှတ်မိစေအောင် ဖြစ်ပါတယ်။ Responsive Web Design ကို recommend ပေးပေမယ့် အခြားသော နည်းလမ်းများကိုလည်း မကောင်း ဘူးလို့မဆိုလိုပါဘူး။ bot တွေလည်း Crawl ပါသေးတယ်။ ဒါပေမယ့် ယင်း နည်းလမ်းနှစ်ခုဟာ Search Engine Optimisation အတွက် အန္တရာယ် များပါတယ်။ Seperate URLs ဆိုရင် ဝက်ဆိုက်နှစ်ခုဖြစ်သွားပါပြီ။ html လည်းမတူသလို ဝက်ဆိုက်လိပ်စာလည်း မတူတာကြောင့် ဒါဟာ သီးခြား brand တစ်ခုလို့ ထင်မှတ်ဖွယ်ရှာ ရှိပါတယ်။ ကွန်ပျူတာနဲ့ ကြည့်တဲ့ဆိုဒ်မှာ လည်း ဒီသတင်းနဲ့ အချက်အလက်ပဲတင်ပြီး မိုဘိုင်းနဲ့ ကြည့်တဲ့ ဆိုက်မှာ လည်း ဒီအချက်အလက်ကိုပဲ ပြန်တင်တာဆိုရင် copy ကူးတယ် သို့မဟုတ် duplicate လုပ်တယ်ဆိုတဲ့ ဆွဲချက်တစ်ခုကို ရရှိနိုင်ပါတယ်။ ဒါကြောင့်မို့ အန္တရာယ်များတာ ဖြစ်ပါတယ်။

Dynamic Serving ကတော့ Separate URLs နဲ့ ယှဉ်ရင်တော့ နည်းနည်း သက်သာပါလိမ့်မယ်။ အကြောင်းကတော့ သူဟာ URL သာကွဲသွားပေမယ့် ယူသုံးတဲ့ အချက်အလက်ကျတော့ တူလို့ ဖြစ်ပါတယ်။ ဒါပေမယ့် လိပ်စာကွဲ သွားတာဟာလည်း SEO မှာ စဉ်းစား တွက်ချက်မှတ်ယူစရာတစ်ခုအဖြစ် ရှိနေပါသေးတယ်။ ဥပမာ အိမ်တစ်အိမ်ထဲကပဲ လိပ်စာနှစ်ခုရှိရင် ဇဝေဇဝါ ဖြစ်စေတဲ့ သဘောပဲဖြစ်ပါတယ်။ ဒီတော့ Dynamic Serving ဟာလည်း ကောင်းပေမယ့် နည်းနည်းတော့ အန္တရာယ်များပါတယ်။ ဒီတော့ အကောင်းဆုံးက ဘယ်ဟာ ဖြစ်တယ်ဆိုတာကို မပြောလည်း သိတော့မယ် ထင်ပါတယ်။ Responsive ဆိုတဲ့ သဘောက ကြည့်ရှုတဲ့ ပစ္စည်းပေါ်မှာ မူတည်ပြီးတော့ ဝက်ဆိုက်ကို ပုံစံမှန်မှန် ပြသစေဖို့ ဖြစ်ပါတယ်။ ဘရူစလီ ပြောခဲ့သလို ရေလိုကျင့်ပါဆိုတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။

ရေဆိုတာ ဘယ်ခွက်ထဲ ထည့်ထည့် အဆင်ပြေသလိုပဲ Responsive Technology က ဝက်ဆိုက်ကိုလည်း ကြည့်ရှုတဲ့ Device က ကွန်ပျူတာဖြစ်ရင် ကွန်ပျူတာ အလျောက်၊ မိုဘိုင်းဖုန်းဖြစ်ရင် မိုဘိုင်းဖုန်းအလျောက်၊ Tablet ဖြစ်ရင်Tablet အလျောက် မှန်ကန်စွာ ပြသစေတတ်ဖို့ ဖြစ်ပါတယ်။ယင်းနည်းပညာကို အသုံးပြုဖို့ဆိုတာကလည်း မိမိရဲ့ လက်ရှိ ရှိရင်းစွဲဝက်ဆိုက်ကို Responsive ဖြစ်ဖို့ရန် Coding line အချို့ ပြန်လည်ဖြည့်ဆည်းခြင်း သဘောပဲဖြစ်ပါတယ်။ ဝက်ဆိုက်တစ်ခုရဲ့ Heigh, Width တွေကိုအပြင် Category ထားသိုတာက အစ drop down ပုံစံဖြစ်အောင် အလိုလျောက် ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၀၁၂ ခုနှစ်ကနေစလို့ မြန်မာပြည်မှာ ဝက်ဆိုက် Design တွေ ရေးသားကြတဲ့အခါ သို့တည်းမဟုတ် နိုင်ငံတကာ Web Design ဈေးကွက် ကနေ ဝယ်ယူတဲ့အခါ Responsive ဖြစ်လား မဖြစ်လားဆိုတဲ့ issue အပေါ် မှာ ဂရုစိုက်လာကြပါတယ်။

<Configuration> 
Configuration အနေနဲ့ကလည်း အရေးကြီးပါတယ်။ Google Webmaster ကို xml sumit လုပ်ရတာတွေ၊ Analytic ချိတ်ရတာတွေလုပ်ရပါသေးတယ်။ အဓိကကတော့ မိမိရဲ့ ဝက်ဆိုက်ဟာ မိုဘိုင်းဖုန်းအတွက် ရယ်ဒီဖြစ်ကြောင်း ကို သတင်းပေးခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါဆိုရင် Google က ပိုပြီးတော့ မိမိရဲ့ ဝက်ဘ်ဆိုဒ်ကို ပိုပြီးတော့ favor ပေးပါတယ်။ Google Search မှာ ပေါ်တာ ထိပ်ဆုံးရောက်ရင်လည်း မိမိရဲ့ဝက်ဘ်ဆိုက်ကို လူလည်နှုန်း ပိုမိုရရှိအောင်မြင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆိုဒ်ပေါ်မှာ code error မရှိရင်၊ ဓာတ်ပုံများ အချိုးကျဖြစ်ရန်၊ content များကို ဖော်ပြမှု မှန်ကန်ရန်၊ url redirect လုပ်မှု မှန်ကန်ရန် အစရှိသဖြင့် ပြုလုပ်ရပါ သေးတယ်။ ယင်းတို့ကို မိမိတို့ ပြုလုပ်ရန် မတတ်နိုင်ရင် Web Development ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ငှားရမ်းဆောင်ရွက် နိုင်ပါတယ်။

<မိုဘိုင်း App လုပ်မလား Website လုပ်မလား>
Mobile App ပဲလုပ်မလား Mobile ပေါ်မှာ ကြည့်လို့ရတဲ့ ဝက်ဆိုက်လုပ်မလား ဒါမှမဟုတ် နှစ်ခုစလုံး လုပ်မလား ဆိုတာကလည်း အများစုစဉ်းစားစရာ ဖြစ်တဲ့ issue တစ်ခုလည်း ဖြစ်ပါတယ်။ Mobile App များရဲ့ ကွဲပြားမှုကိုလည်း နောက်မှ ပြန်လည်ရေးသားဖော်ပြပါမယ်။ Mobile App က install လုပ်ထား ရတာဖြစ်တာကြောင့် browser ကနေ ဝင်ရိုက်ရှာစရာမလိုတော့ဘဲ App ကနေ content update တွေကို ယူလို့ရမယ့် နည်းပညာ ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ Customer နဲ့ တိုက်ရိုက် ထိတွေ့ ရန်လိုအပ်မှုရှိမရှိ Customer တွေကို နေ့စဉ် သတင်းအချက်အလက်များ ပေးရန် ရှိမရှိပေါ်မှာလည်း မူတည်ပြီးတော့ App ကို စဉ်းစားပြုလုပ်သင့် ပါတယ်။ App ကိုလည်း သီးခြား platform တစ်ခုအနေနဲ့ လုပ်မှာလား သို့မဟုတ် Web App လုပ်မလား ဆိုတာကလည်း စဉ်းစားစရာပါ။ သတင်း မီဒီယာများအနေနဲ့ကတော့ ဝက်ဆိုက်နဲ့တင် ရပ်နေလို့ မရဘဲ mobile app ဘာ ထုတ်သင့်တယ်ဆိုတာ သေချာတဲ့ အဖြေတစ်ခုပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ မြန်မာပြည်က mobile user များဟာ သတင်း အချက်အလက် တွေကို browser ကနေ ရှာရတာထက် လွယ်ကူတဲ့ အခြား နည်းလမ်းတွေကို ပိုလိုချင်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ mobile phone ဆိုင်တွေမှာ သူတို့လိုချင်တဲ့ App တွေကို သွားသွားထည့်ခိုင်းတဲ့ ခေတ်က လည်း အတော်လေးရှိနေပါသေးတယ်။

App အတွက် သီးသန့် Business model တစ်ခု၊ Web အတွက် သီးသန့် Business model တစ်ခုနဲ့ သွားရ မှာပါ။ Channel နှစ်ခုစီကနေ income ကို generate လုပ်ဖို့ စိတ်ကူးရှိရင် တော့ App ကရှိသင့်ပါတယ်။ အကယ်၍ အတူတူပဲ။ သို့တည်းမဟုတ် user များက မိမိ App ကို တကူးတက သွင်းရ အောင် အမြဲတမ်း content update ရှိမှာ မဟုတ်ဘူးဆိုရင်တော့ Mobile ဖုန်းအတွက် အဆင်ပြေအောင် လုပ်ထားတဲ့ ဝက်ဘ်ဆိုဒ်က အဆင်ပြေ လုံလောက် ပါပြီ။ အကယ်၍ Mobile App ရှိလာပြီဆိုရင်တော့ user ကို website ကနေ mobile app download ဆွဲရန်အထိ ကိုယ်ဟာ ကြိုးစားယူ ရမှာ ဖြစ်ပါတယ်။ ဥပမာ mobile browser ကနေ ဝင်လိုက်တဲ့အခါ Mobile App ကို download ဆွဲရန်အကြံပေးတဲ့ pop up သို့မဟုတ် အပေါ်က bar လေး ပေါ်လာတာမျိုးတို့ ဖြစ်ပါတယ်။ Mobile App ရဲ့ အားသာချက်က အင်တာနက်ဖွင့်ရန် update တွေကိုပို့ပေးလို့ ဖုန်းမှာ notification ပေါ်သလို အကယ်၍ offline လည်း သုံးလို့ရမယ့် app မျိုး ဖန်တီးထားရင်တော့ push notification ပေးတာမျိုးတို့ ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ User နဲ့ one to one ချိတ်ဆက်လို့ ရတဲ့အနေအထားဖြစ်ပါတယ်။ ယင်းအကြောင်းအရာကို Mobile App များအကြောင်း ရေးသားတဲ့အခါမှပဲ သေချာ ရှင်းလင်းဖော်ပြ ပါ့မယ်။ မိမိရဲ့ စီးပွားရေးလုပ်ငန်းရဲ့ ဝက်ဘ်ဆိုက်များခေတ်နောက်မကျရ လေအောင် မိုဘိုင်းဖုန်းပေါ်မှာ အဆင်ပြေတဲ့ Websiteဖြစ်ရေး အကြံပေး တိုက်တွန်းရေးသားလိုက်ရပါတယ်။

အောင်ခမ်း(ရိုးရာလေး)


ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

Saturday, January 16, 2016

"နာဂ" လူမျိုးများအကြောင်း























"နာဂ" လူမျိုးများအကြောင်းနှင့်ဓလေ့ရိုးရာများ
•••••••••••••••••••••••••••••••••••••••••••••••••
မြန်မာ နိုင်ငံ ၌ တိုင်းရင်းသား မျိုးနွယ် စုပေါင်း ၁၀၀ ကျော် ရှိသည့် အနက် အချို့ မှာ ထူးခြား လေးနက် သော သဘာဝ ရှိပြီး တောင်တန်း နေ မျိုးနွယ် စု များ ၏ ပကတိ ဘ၀ ပုံရိပ် များ မှာ စိတ်ဝင်စား စရာ ကောင်း လှပါ သည်။ နာဂ တိုင်းရင်းသား များသည် ချင်း ပြည်နယ် ဆွမ်မရ တောင်တန်း ဒေသ နှင့် မြန်မာပြည် မြောက်ဖျား ပိုင်း တောင်ကုန်း ထူထပ်ရာ ဒေသ များ တွင် နာဂ လူမျိုးစု များ ပြန့်ကျဲစွာ နေထိုင် ကြသည်။
ခေတ်ဟောင်း မြန်မာ ရာဇဝင် (ဒေါက်တာ သန်းထွန်း) စာမျက်နှာ ၂၈ လူမျိုး နွယ် စု ဆင်းသက် ပုံ အရ တိဗက် အာသံ မြန်မာ မျိုးနွယ် စု ဖြစ်သည်။ နာဂ လူမျိုး များ မွေးဖွား လာလျှင် မိဘ များက ယောကျာ်း ဆို ဓားတစ်လက် လှံ တစ်လက်၊ မိန်း ကလေး ဆို ပုတီး လက်ကောက်တွေ လုပ်ပေးပြီး ရိုးရာ သီချင်းတွေ၊ အက တွေ သင်ပေး ကြသည်။
ကောက်သစ် စားပွဲ
•••••••••••••••••••••
နိုဝင်ဘာ ၁၅ ရက် စပါးရိတ် သိမ်းပြီး ချိန် တွင် ကောက်သစ် စားပွဲ ကျင်း ပလေ့ ရှိသည်။ ကောက်သစ် စားပွဲ တွင် ရွာထဲက တိရစ္ဆာန် မဟုတ်ဘဲ တောကောင် လိုက်ပြီး ဧည့်သည် များကို ဧည့်ခံ ကျွေးမွေး ကြောင်း သိရသည်။
နာဂ နှစ်သစ်ကူး ပွဲတော်
•••••••••••••••••••••••••
နာဂ နှစ်သစ်ကူး ရိုးရာ ပွဲတော် ကို စစ်ကိုင်း တိုင်း တွင် ကျင်းပ ပြီး နောက် ချင်း ပြည်နယ် တွင် ဆက်လက် ကျင်းပ ကြသည်။ စစ်ကိုင်း တိုင်း တွင် ကျင်းပ သော မြို့နယ် များမှာ ခန္တီး၊ လေရှီး၊ လဟယ်နှင့် နန်းယွန်း မြို့နယ် တို့ ဖြစ်သည်။ နာဂ နှစ်သစ် ကူး ရိုးရာ ပွဲတော် သည် လူမှုရေး ပွဲတော် ဖြစ်ပြီး ကုန်လွန် ခဲ့သော နှစ် တစ်နှစ် က အတွေ့ အကြုံ များ ကို ဖလှယ် ရန် နှင့် လာမည့် နှစ်သစ် တွင် တွေ့ကြုံ နိုင်သော အခက် အခဲများ ကို ကြိုတင် ဖြေရှင်း ရန် ကောင်းမွန် သော စီမံကိန်း များ ချမှတ် နိုင်ရန် ရည်ရွယ် ၍ ကျင်းပခြင်း ဖြစ်သည်။ အဆိုပါ ပွဲတော် တွင် လာမည့် နှစ်တွင် သီးနှံများ တိုးတက် ဖြစ်ထွန်း ၍ ရာသီ ဥတု ကောင်းမွန်ရန် နှင့် အိမ်မွေး တိရိစ္ဆာန် များ ရောဂါဘယ ကင်းဝေး စေရန် ဆုမွန် ကောင်းများ တောင်းကြ သည်။
နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော် သို့ နာဂ တိုင်းရင်းသား များနေထိုင်သော ရနိုင် တောင်တန်း၊ မုတ် တောင်တန်း၊ ပတ်ကွိုင် တောင်တန်း၊ ဟူး ကောင်း တောင်တန်း၊ ခန္တီးခရိုင် နယ်စပ် ရှိ နာဂ တိုင်းရင်းသား များ ပါ ခန္တီး ခရိုင် နန်းယွန်း မြို့ရှိ နာဂ ရိုးရာ ပွဲတော် သို့ တက်ရောက် ကြ ကြောင်း သိရသည်။ နန်းယွန်း မြို့နယ် နှင့် ထိစပ် နေသော လိတ်နိုချောင်း၊ ဟာနူးချောင်း၊ နောင်ယန်း အင်းနှင့် နောင်ဆိုင် အင်း တို့၌ နေထိုင် သော နာဂ တိုင်းရင်းသား များပါ တက်ရောက် သဖြင့် နာဂရိုးရာ ပွဲတော် သည် အလွန်ပင် စည်ကား သည်။
နာဂ တိုင်းရင်းသား များ သည် အစဉ်အမြဲ ကျင်းပ ပြုလုပ် သော ပွဲတော် ဖြစ် သည့် နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော် ကို နှစ်စဉ် ဇန်န၀ါရီ ၁၅ ရက်တွင် ကျင်းပ သည်။ နာဂ တိုင်းရင်း သားများ ပြန်လည် ဆုံ တွေ့သော ပွဲတော် ဖြစ်သည့် အတွက် တစ်ဦးနှင့် တစ်ဦး အမှတ် တရ အဖြစ် ကြက်၊ ငှက်၊ ၀က်၊ကျွဲ၊ နွား နှင့် နွားနောက် တို့ အပြင် ကိုယ်တိုင် ရက်လုပ် ထားသည့် ခြုံစောင်၊ လက် ရက်ခြင်း၊ ကြိမ်ကွင်း၊ ငွေ ကွင်းစသည် တို့ကို လည်း လက်ဆောင် အဖြစ် ပွဲတော် ကာလ အတွင်း လဲလှယ် ကြသည်။
ဤကဲ့သို့ လက်ဆောင် ပေးရာ တွင် ကြီး မားပြီး သယ်ဆောင် ရာ တွင် မလွယ်သော ကျွဲ၊ နွားများ ကို ငွေကြေး တန်ဖိုး ဖြင့် သတ်မှတ် ပြီး ပေး အပ်ခြင်း ကို နာဂ လူကြီး က ရှင်းပြ ၍ သိရ သည်။ ထို့ အပြင် နာဂ မျိုးနွယ်စု များ၏ ကောက်စိုက် ပွဲတော် ကောက်ရိတ် ပွဲတော် တို့ကို လည်း အစဉ် အလာ မပျက် ကျင်းပ ကြကြောင်း သိရသည်။
နေထိုင်ရာအကျယ်အ၀န်း
•••••••••••••••••••••••••••
နာဂ တိုင်းရင်းသားများ နေထိုင် သော တောင်တန်း တောင်ကုန်း များသည် စုစု ပေါင်း ဧရိယာ စတုရန်း မိုင်ပေါင် ၂,၅၅၅ ကျော် ကျယ်ဝန်း ကြောင်း သိရ သည်။
နာဂရိုး ရာ ပစ္စည်း များ
••••••••••••••••••••••••
နာဂ တိုင်းရင်းသား မျိုးနွယ်စု များ၏ နာဂ ရိုးရာ ပစ္စည်းများ ကို ခန္တီး မြို့ ၊ ဇီးဖြူ ကုန်းရပ် ရှိ လေယာဉ် ကွင်း သွား ကားလမ်း တွင် ပြတိုက် အဖြစ် ဖွင့်လှစ် ပြသ ထားကြောင်း သိရသည်။ ခန္တီး မြို့မှာ ကန်ဇင်းပင် များ ပေါက်သော နေရာ တွင် ရွာတည် ခဲ့ရာမှ ဖြစ်ပေါ် လာသော အမည် ဖြစ်ပြီး ဇန်းခူးရိန် မှ ဇင်္ဂလိန်း ရွာ အဖြစ် ဇင်္ဂလိန်း နာဂ လူမျိုးစု များ က တည်ထောင် ခဲ့ကြ သည်။ လက်ရှိ ခန္တီးမြို့ မှာ ရှေး အခါ က ဇင်္ဂလိန်း နာဂ နေသူများ တည်ထောင် ခဲ့ကြောင်း ခန္တီး သမိုင်း မှတ်တမ်း များမှာ တွေ့ရ သည်။ ခန္တီး၊ လဟယ်၊ လေရှီး၊ နန်းယွန်း မြို့နယ် များမှာ တောင်ပေါ် နေ နာဂ တိုင်းရင်းသား များ ၏ ဒေသ ဖြစ်သဖြင့် နာဂ တောင်တန်း ဒေသ ဟု လူသိ များ ခဲ့သည်။
"ပယင်း နားရောင်း၊ ပယင်း လည်ဆွဲ၊ သန္တာပုတီး၊ ကျားစွယ် တွေက ခန္တီးမြို့ ဦးပိုင်း ကတွေ့တဲ့ နာဂ ရိုးရာ ပစ္စည်းတွေ ပါ။ နာဂ မြေအိုး၊ နာဂ ကြေး လက်ကောက် တွေက ကတိုး နဲ့ စိန်နန်း ရွာ စေတီပျက် တွေ ထဲကတွေ့ တဲ့ ပစ္စည်း တွေပါ။ နာဂ ပယင်း နားရောင်း၊ ပုတီး ရောင်စုံ၊ နာဂ ကြေး လက်ကောက် နဲ့ ငွေဒင်္ဂါး တွေက ထမံသီ ဘက်က တွေ့တာပါ။ နာဂ လူမျိုး တွေဟာ ရှေး ကတည်း က ဗုဒ္ဓ ဘာသာဝင်တွေ ဖြစ်တယ် ဆိုတာ ပြိုပျက် သွားတဲ့ ဘုရား တွေမှာ ဋ္ဌာပနာ ထဲက ရရှိတဲ့ နာဂ ရိုးရာ ပစ္စည်းတွေ ကြည့် တာနဲ့ သိနိုင် ပါတယ်" ဟု ပြတိုက် တာဝန်ရှိ သူ နာဂ အမျိုးသား ဦးကိုင်လုံ က ပြောသည်။နာဂ ရိုးရာ ပြတိုက် တွင် နာဂ လှံများ၊ ပုဆိန် များ၊ ဓားနှင့် ပေါက်ပြား များ၊ ရိုးရာ သုံး အသုံး အဆောင် ပစ္စည်း မျိုးစုံ ခင်းကျင်း ပြသ ထားရာ ခန္တီး မြို့သို့ လာရောက် သူများ ဝင်ရောက် လေ့လာ ကြည့်ရှု နိုင်သည်။
ယခုနေထိုင်ရာ ဒေသ
•••••••••••••••••••••••
ယခု အခါ နာဂ တောင်တန်း ဒေသ တွင် နောက်အော်၊ လိုင်းနောင်၊ ပုံညို၊ လောင် တိန်၊ ပိန်းကူး၊ ရောင်ကွန်၊ တိုက်တီး၊ ကျမ်း၊ တန်ကွန်၊ လော၊ ပါရာ၊ မကူတီ၊ ကားရော၊ ဟိုင်းမြေ စသော မျိုးနွယ်စု ခွဲပေါင်း ၅၇ မျိုး ရှိပြီး နာဂ တိုင်းရင်းသား လူဦးရေ ၂ သိန်း နီးပါး ရှိပြီး နာဂ လူမျိုး အများစု သည် စစ်ကိုင်း တိုင်း ဒေသ ကြီး ခန္တီး မြို့နယ်၊ ဟုမ္မလင်း မြို့နယ်၊ လေရှီး မြို့နယ်၊ လဟယ် မြို့နယ်၊ နန်းယွန်း မြို့နယ် တို့တွင် နေထိုင် ကြသည်။
••••••••••••••••••••••••••••••••••••••••••••••••••••••
မှီငြမ်း>>>>ကိုးကား နာဂ ရိုးရာပွဲတော်
စာရေးသူ>မင်းနိုင်အောင်အားCreditပေးပါသည်။

ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ

Thursday, December 10, 2015

တိုင်းလူး / Tai Lue



(ဆစ်ဆောင်ပန်းနား)ဆစ်ဆောင်ပန်းနား ဒေသသည် တောင်ဘက်တွင် ရှမ်းပြည်နယ် (မြန်မာ)၊ အရှေ့ဘက်တွင် လောနိုင်ငံ၊ အနောက်ဘက်တွင် ယူနန်နယ်နှင့်စပ်လှက်ရှိပြီး တရုတ်ပြည်၏ တောင်ပိုင်းတွင်ရှိသည်။ ဆစ်ဆောင်ပန်းနားဒေသတွင် နေထိုင်သောရှမ်းများကို တိုင်းလူး (လူးရှမ်း) ဟုခေါ်သည်။ ဆစ်ဆောင်ပန်းနားသည် လူးရှမ်းတို့၏ တိုင်းပြည်ဖြစ်ပြီး "ဆယ်နှစ်ပြည်ထောင်တိုင်းပြည်" ဟုအဓိပ္ပာယ်ရသည်။
ထိုကဲသို့ ဆယ်နှစ်ပြည်ထောင် အုပ်ချုရေးစနစ်သည် ရှေးခေတ် ရှမ်းလူမျိုးတို့၏ အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ မြန်မာပြည်ရှိ ရှမ်းတို့သည်လဲ အေဒီ ၉၅၇ ခုတွင် ကမ္ဘောဒီးယားမှ "တိုင်းခိုရတ်" (ခိုရတ်ရှမ်း) တို့ထံမှ အုပ်ချုပ်ရေးစနစ် ကိုယူ၍ (၁၂) ပြည်ထောင်စနစ်ဖြင့် အုပ်ချုပ်လာခဲ့ကြသည်။ ဘုရင့်နောင်လက်ထက်သို့ရောက်သောအခါ (၉) ပြည်ထောင်စနစ်ဖြင့် တိုင်းပြည်ကို စီမခန့်ခွဲသည်ကို တွေ့ရသည်။
မဲခေါင်မြစ် အနောက်ဘက်တွင် (၁၂) မြို့၊ အရှေ့ဘက်တွင် (၁) မြို့ရှိသည်။ "ဆစ်ဆောင်" သည် (၁၂) ဟုအဓိပ္ပာယ်ရှိသည်။
ငါးမြိုမှ ဆယ်မြို့ ရှိသောဒေသကို "တစ်ပန်းနား" ဟုခေါ်သည်။ တစ်နည်းအားဖြင့် "ပန်း" သည် ရှစ်ဆယ်ဖြစ်ပြီး"နား" သည် လယ် ဖြစ်သည်။
တိုင်းလူးများကို တရုတ်တို့က ပါးယီ (Pa Yi) ဟုခေါ်သည်။ လူးရှမ်းများသည် ကျိုင်းတုံဒေသ၊ လမ်းပွန်ဒေသ၊ ကျိုန်းဟိုင်းဒေသ၊ လောနိုင်ငံအတွင်းပိုင်း နမ့်ဦးဒေသ၊ လောနိုင်ငံရှိ မဲခေါင်မြစ်ဝှမ်း တစ်လျှောက်မှ စီထန်ထရွန် (Si Tan Dorn) ကျွန်းစုလေးထောင် အထိနေထိုင်ကြသည်။
အေဒီ ၁၉၁၈ ခုတွင် တရုတ်ပြည်အတွင်၌ လူးရှမ်းဦးရေ ၃၅၀,၀၀၀ ဦး၊ ကျိုင်းတုံဒေသတွင် ၅၀၀,၀၀၀ ဦး၊ လောနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ၇၅၀,၀၀၀ ဦးရှိသည်။
ဆစ်ဆောင်ပန်းနား၏ မြို့တော်သည် ကျိုင်းဟုန် (Chieng Rung = အာရုံဦးမြို့တော်) ဖြစ်သည်။ ဆစ်ဆောင်ပန်းနားဒေသသည် မူလက မြန်မာပြည်ရှိ ရှမ်းလူမျိုးများနှင့် အတူရှိခဲ့ပြီး အေဒီ ၁၈၇၄ ခုတွင် ကျိုင်းတုံစော်ဘွားနှင့် မြန်မာဘုရင်တပ်များက သွားရောက်တိုက်ခိုက်သဖြင့် လူးရှမ်းများက တရုတ်တို့ကို အကူအညီတောင်းခဲ့သည်။ နောက်ပိုင်းတွင်တရုတ်တို့နှင့်သာ အဆက်အသွယ်များခဲ့သည်။
အေဒီ ၁၈၉၂ ခုတွင် အင်္ဂလိပ်တို့က ဆစ်ဆောင်ပန်းနားဒေသကို တရုတ်ပြည်သို့ ခွဲပေးခဲ့သည်။ လူးရှမ်းတို့၏ သမိုင်းဝင်မြိုတော်များက သုံးမြို့ရှိသည်။
၎င်းတို့မှာ ကျိုင်းတုံ (မြန်မာ)၊ မိန်းလျဲန်း (တရုတ်)၊ ကျိုင်းဟုန့် (တရုတ်) တို့ဖြစ်သည်။ လူးရှမ်းများသည် အေဒီ ၁၃ ရာစုတွင် ကျိုင်းတုံမှ တဆင့် ဗုဒ္ဓဘာသာ (ထေရဝါဒ) ကိုစတင်ရရှိခဲ့သည်။ နတ်ကိုးကွယ်သူတချို့လည်း ရှိနေသေးသည်။
နှစ်သစ်ရောက်လျှင် ဝက်ဖြင့်နတ်ကို ပူဇော်ကြသည်ကို တွေရသည်။
မှတ်ချက်။ ။အရှင်သုခမိန္ဒ (တန့်ယန်း) ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။
Thank You
-Shan Fashion-

ဆောင်ရာသီးအလွှမ်း သို့ { ဒီမှာ } သွားလိုက်ပါ